မိဘကျေးဇူးဆပ်ဖူးချင်တော့
စီးပွါးငွေရှာပြည်ပထွက်ရင်း
ချိုးချံချွေတာငွေကိုစုပြီး
စိတ်ထဲကြိတ်တွေးစဉ်းစားရင်းနဲ့
ငွေကုန်မှာကြောက်တောက်လျှောက်မွှေနှောက်
တောက်တောက်ခေါက်လျှက်နေ့စဉ်ညတိုင်း
ပဲဟင်းကြက်ဥလွေးထားအခု
နံနက်(၈)ဝင်ညနေ(၅)ထွက်
ပုံမှန်နေ့တိုင်း everytime တဲ့
sunday မရှိအိုတီ(OT)မဲ့ရင်း
One month လစာ၅၀၀ိ တည်းသာ
အိမ်ကိုဖုန်းဆက် စကားကျွန်ခဲ့
ကြွေးရှင်လာလား ဖေ့ကိုမေးထား
နောက်ထွက်လစာ smae same ပါ
ဖေ့ကိုစိတ်ပူ စိုးရိမ်စိတ်များ
ရောက်ကာသွားရင်း ပြေရဲ့လားလို့
အခေါက်တစ်ရာ မေးပါများတော့
ဖေကပြန်ဖြေ အေးဆေးသာနေ
မပူနဲ့ငါသား အိမ်ပေါင်အပ်ထား
ငါ့သားမပြန် ပိုတောင်ကောင်းသေး
ဘိုးဘွားရိပ်သာနီးနီးလေး....................။
နောင်ငဲလေး
၉.၇.၀၆
1 comment:
အော်...ဘ၀တွေ......
Post a Comment