Blogger Widgets N g A P y I n N: June 2011

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Friday, June 24, 2011

ကွန်ပျူတာအခြေခံ အပိုင်း(၉)

လွမ်းက AutoCAD လို့ ခေါ်တဲ့ Basic Engineering Drawing ကို သင်ကြားပေးနေသူ ဖြစ်ပါတယ်…


CAD ရဲ့ အဓိပ္ပါယ်ကိုက Computer Aided Design ပါ… ကွန်ပျူတာအကြောင်း မသိပဲ ကွန်ပျူတာနဲ့  ပုံဆွဲတာကို သင်ကြားပေးလို့  မရပါဘူး…


လွမ်းရေးခဲ့တဲ့ ကွန်ပျူတာအခြေခံများဟာ Application Software တစ်ခုကို မသင်ကြားမှီ သိသင့်တဲ့ ကွန်ပျူတာနဲ့  ပတ်သက်တဲ့ အခြေခံသဘောတရား၊ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်…


လွမ်း ရေးခဲ့တာတွေဟာ အခြေခံသဘောတရားကလွဲလို့  အသေးစိတ်ရေးထားခြင်း မဟုတ်ပါဘူး…


ကွန်ပျူတာကို သုံးနေသူတစ်ယောက်အနေနဲ့  အခြေခံ သိထားသင့်တဲ့ အချက်တွေကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်…


အခုနောက်ပိုင်း Laptop ၀ယ်သည်ဖြစ်စေ၊ Desktop ၀ယ်သည်ဖြစ်စေ Operating Software ကို Windows 7 ကိုသာ တင်ပေးတတ်ပါတယ်…


WindowsXP တုန်းက သုံးရကကောင်းသလို တော်တော်များများ Software တွေကို တင်ရလွယ်ကူပါတယ်…


Windows Vista ထွက်လာတော့ Graphic တွေက အရမ်းကောင်းလာပါတယ်… ဒါပေမဲ့ တစ်ချို့  Software တွေ တင်တဲ့အခါ Error များ ရှိလာပါတယ်…


Windows7 မှာတော့ Vista လို Graphic တွေက ကောင်းလာတဲ့အပြင် Software တင်တဲ့အခါမှာလည်း တင်လို့  လွယ်ကူတာကို တွေ့ ရမှာပါ…


ဒီနေ့ တော့ မိမိရဲ့ ကွန်ပျူတာမှာ File တွေကို ဘယ်လိုထားသင့်တယ်ဆိုတာနဲ့  ပတ်သက်လို့  ဆွေးနွေးချင်ပါတယ်…


လွမ်းရဲ့ Laptop မှာလည်း Windows 7 တင်ထားတာမို့  Windows 7 ကို အခြေခံပြီး ရေးသွားပါမယ်…


Display ပေါ်မှာ မိမိသုံးနေသော Software မှလွဲပြီး မည်သည့် File မျှ တင်မထားရင် ပိုကောင်းပါတယ်…


Open Files


You can open a file directly from My Computer or Windows Explorer to display its contents on your screen.
Each file on your computer is associated with a program. When you open a file, the associated program starts automatically. For example, bitmap files with the extension .bmp are usually associated with the Paint program. When you pen a file with the .bmp extension, the Paint program starts and the file is opened.
If Windows does not know which program to start, the Open With dialog box appears. You can choose which program you want to use to display the file.

Windows7 မှာ Windows Explorer ဖွင့်တာဟာ Libraries ကို Click လုပ် ဖွင့်လိုက်ရုံပါပဲ…



ဒီနေရာမှာ မိမိဖွင့်ထားတဲ့ Path လမ်းကြောင်းလေးကို Address Bar က ပြနေမှာ ဖြစ်ပါတယ်…


မိမိရွေးချယ်ထားသော File ရဲ့ အချက်အလက်တွေကို Status Bar ကနေ ပြနေမှာပါ…


Menu Bar မှလည်း မိမိ အသုံးပြုလိုရာကို ရွေးချယ်ပေးနိုင်ပါတယ်… ဥပမာ Organize Menu ကို Click လုပ်ကြည့်လျှင် Cut, Copy, Paste, Rename, Select All စသဖြင့် ပါရှိမှာပါ…


လွမ်းက My Pictures အောက်မှာ DL Pictures လို့  Folder လေးတစ်ခု ဖွင့်ထားတာပါ…


My Pictures အောက်မှာ Folder အသစ်ဖွင့်လိုပါက My Pictures တွင် Mouse Pointer ထားပြီး Right Click ပြုလုပ်ပါက ပေါ်လာသော Pop-up Menu ထဲမှ New>>>Folder ကို ရွေးပြီး မိမိပေးလိုသော နာမည်ကို ပေးရုံပါပဲ…
လွမ်းက Comment ပေးတဲ့အခါ ပုံလှလှလေးတွေ လိုက်ပေးတတ်သလို ကိုယ့်ဆီလာပေးတဲ့ပုံလေးတွေကိုလည်း သိမ်းထားတတ်ပါတယ်…


ပုံတွေက မျိုးစုံပါဝင်တာမို့ လွမ်းက DL pictures ထဲမှာ Folder တွေ ထပ်ခွဲထားပါတယ်…


ပုံမှာ မြင်ရတဲ့အတိုင်း ၀က်ဝံ၊ ကြောင်၊ စုံတွဲ၊ ကော်ဖီ၊ နှင်းဆီ စသဖြင့်ပါ…


ခုဆိုရင် Address Bar မှာ မြင်ရတဲ့အတိုင်း Coffee ဆိုတဲ့ Folder ကို ဖွင့်ထားတာပါ…


ဘယ်ဖက်ခြမ်းမှာက Folder များကိုသာပြပြီး ညာဖက်ခြမ်းမှာ မိမိရွေးချယ်ထားတဲ့ Folder ထဲမှ Files များကို ပြတာပါ… လွမ်းသိမ်းထားသော ကော်ဖီပုံများကို မြင်ရမှာပါ…


အဲဒီ File တွေထဲက ကိုယ်ဖွင့်ချင်တဲ့ ပုံကို Double Click လုပ်တာနဲ့  ပွင့်သွားမှာပါ…


Open File လုပ်လိုက်တာပါ… ကိုယ်ထည့်ထားတဲ့ Software ပေါ်မူတည်ပြီး ပုံကို ဖွင့်ပြမှာပါ…


လွမ်းရဲ့ Coffee ပုံက Windows Photo Viwer နဲ့  ပွင့်သွားတာပါ…



ကိုယ်ဖွင့်ချင်တဲ့ Software Location ကိုလည်း ပေးလို့ ရပါတယ်…


ပေးပုံပေးနည်းက Double Click မလုပ်ပဲ ကိုယ်ဖွင့်ချင်တဲ့ပုံကို Mouse Pointer ထားပြီး Right Click >>>Open with ဆိုတာကို ထောက်လိုက်ရမှာပါ…

ကိုယ့်စက်ထဲမှာ ရှိတဲ့ Software ပေါ်လာပါလိမ့်မယ်…


ဥပမာ- လွမ်းက ပုံကို ချဲ့ ချင် (သို့ မဟုတ်) ချုံ့ ချင်တဲ့အခါ Open with ထဲက Microsoft Office Picture Manager ကို ရွေးပြီး ဖွင့်လိုက်ပါတယ်…
ပုံဟာ Microsoft Office Picture Manager နဲ့  ပွင့်လာပါတယ်… ဒီနေရာမှာ ပြောချင်တာက မိမိစက်မှာ Microsoft Office တင်ထားမှသာ Picture Manager က ပါလာမှာပါ…

Open Recently Used Files


Windows helps you quickly find and open a file you recently worked with.
Windows remembers the last files you opened or saved and displays the names of the files in a list on the Start menu. You can quickly open any of these files to review or make changes to the files.


Windows7 မှာ မိမိနောက်ဆုံးအသုံးပြုခဲ့သော Files များကို သိမ်းထားတဲ့အတွက် အလွယ်တကူ ပြန်လည်ဖွင့်နိုင်ပါတယ်…


Start ကို Click ပြုလုပ်တာနဲ့  မိမိသုံးခဲ့သော Software များတွင် မျှားအနက်ပေါ်နေပြီး နောက်ဆုံး သိမ်းခဲ့သော File ၁၀-ခုကို ပြထားသည့်အတွက် မိမိဖွင့်လိုသည့် File ကို ဖွင့်ရုံပါပဲ…


လွမ်းက အခုစာနှင့်တွဲ၍ Paint တွင် Print Screen ပုံများ Paste ပြုလုပ်သိမ်းထားသည့်အတွက် Paint တွင် လွမ်းနောက်ဆုံးသိမ်းခဲ့သော ပုံများ ရှိနေပါတယ်…


မိမိဖွင့်လိုသောပုံကို Click ပြုလုပ်ရုံမျှဖြင့် သက်ဆိုင်ရာ Paint Software တွင်ပွင့်သွားမှာ ဖြစ်ပါတယ်…


မိမိနောက်ဆုံးနားထောင်ခဲ့သောသီချင်းများ၊ ပုံများ၊ စာများကို Start ပြုလုပ်ပြီး ပြန်လည်ဖွင့်နိုင်ပါတယ်…


ဒီနေ့ တော့ File လေးတွေကို Folder ခွဲသိမ်းတတ်ဖို့ နဲ့  ဖွင့်ပုံ၊ ဖွင့်နည်းလေးကိုပဲ ဆွေးနွေး ရေးသားပါတယ်…


ကွန်ပျူတာကို သုံးခြင်းဖြင့် နည်းပညာများ တိုးတက်ပါစေ…။

ကျေးဇူးအထူးပါ မမလွမ်း..။

Monday, June 20, 2011

ကွန်ပျူတာအခြေခံ အပိုင်း (၈)

How Do I Keep My Computer Healthy?
မိမိကွန်ပျူတာကို ထိန်းသိမ်းနည်း

ယနေ့  မိမိသုံးနေသော ကွန်ပျူတာကို ထိန်းသိမ်းနည်း တင်ပြချင်ပါသည်။
Computers are expensive, and with all big purchases, you probably want to protect your investment. Luckily, it is not difficult to keep your computer healthy and in good working order.

Basically, there are 3 areas that you need to maintain. You need to:
       Keep the physical components of your computer clean
       Protect your computer from threats such as viruses, and
       Keep your files in order to make day-to-day use of your computer efficient and easy.


ကွန်ပျူတာသည် ဈေးကြီးမြင့်သည့်အတွက် မိမိကွန်ပျူတာကို ထိန်းသိမ်းရန် လိုအပ်ပါသည်။ မိမိကွန်ပျူတာကို နေ့ စဉ် ထိန်းသိမ်းသည်မှာ ခက်ခဲသောကိစ္စ မဟုတ်ပါ။

အခြေခံအားဖြင့် ထိန်းသိမ်းရန် နည်း ၃-မျိုး လုပ်ဆောင်ရပါမည်။

၁။ မိမိကွန်ပျူတာကို သန့် ရှင်းရေးပြုလုပ်ရန် လိုအပ်ပါသည်။
၂။ Viruses များမ၀င်ရန် Anti-Virus Software များ ထည့်ထားရန် လိုအပ်ပါသည်။
၃။ မိမိကွန်ပျူတာကို သုံးစွဲရန် လွယ်ကူအောင် မိမိ Files များကို စနစ်တကျ သိမ်းဆည်းရန် လိုအပ်ပါသည်။

To Clean an LCD/Flat-Panel Screen

       Turn off the computer and unplug it.
       Disconnect the monitor from the computer case, if working with a desktop computer.
       Wipe a dry, soft cloth across the screen. Any soft cloth will work, or you can use a special monitor cleaning cloth.
       If dust, fingerprints, or dirt remain on the screen, dampen the cloth with rubbing alcohol.
       Wipe the screen with the damp cloth.
Do not spray any liquids directly onto the LCD screen. Do not use a paper towel as it can scratch the screen. Do not use glass cleaner on LCD screen, as it can remove any anti-glare protection that is on it.

၁။ မိမိ၏ Monitor Screen ကို သန့် ရှင်းရေးပြုလုပ်ရန် ပထမဆုံး ကွန်ပျူတာရဲ့ Power Plug ကို ဖြုတ်ထားရပါမည်။
တကယ်လို့  Desktop Computer ကို အသုံးပြုသူဖြစ်ပါက Monitor နှင့် Computer Casing တို့  ကို ဆက်သွယ်ထားသော ကြိုးကို ဖြုတ်ရပါမည်။
Monitor Screen ကို ခြောက်သွေ့ ပြီး နူးညံ့သောအ၀တ်နှင့် အပေါ်မျက်နှာပြင်မှ အောက်ဖက်မျက်နှာပြင်သို့  ဆွဲချပြီး သုတ်ပါ။ Monitor Cleaning Cloth ကိုလည်း အသုံးပြုနိုင်ပါသည်။
အကယ်၍ ဖုန်များ၊ လက်ဗွေရာများ Screen မျက်နှာပြင်တွင် ကျန်နေပါက Rubbing Alcohol ဆွတ်ထားသောအ၀တ်နှင့် သုတ်ပါ။
LCD Screen ပေါ်ကို မည်သည့်အရည်နှင့်မျှ တိုက်ရိုက် မဖြန်းရပါ။ စက္ကူကို အသုံးမပြုရပါ။ Glass Cleaner ကိုလည်း အသုံးမပြုရပါ။ Glass Cleaner သည် LCD Screen ပေါ်ရှိ Anti-glare Protection ကို ပျက်စီးစေတတ်ပါသည်။

Avoid Downloading Programs from Unknown Sources

The Internet is full of unknown sources. If you are going to use the Internet, become a savvy web surfer. Learn to look and explore a website to determine if it is a credible site and most likely safe to download from. Think about who is responsible for the web site and make your best judgment before downloading games, programs, or documents from unknown sources.

Be Cautious of Email Attachments

Never double-click on an email attachment that contains an executable file with an extension such as .exe or .vbs. In generally, be cautious of email attachments and don't download or open files from people you do not know or were not expecting to receive an email from.

၂။ မိမိကွန်ပျူတာမှာ Virus များမ၀င်စေရန်အတွက် မိမိ မသိသော Website များမှ Download ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရပါမည်။ Games, Programs နှင့် Documents များကို မိမိ မသိသော Website မှ Download မပြုလုပ်မှီ Website ကို မည်သူက တာဝန်ယူပြုလုပ်ထားသည်ကို အရင်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။
Email Attachment များတွင် Executable File ကဲ့သို့ သော Extension .exe or .vbs Files များကို Double Click မပြုလုပ်ပါနှင့်။ မိမိမသိသောသူများမှ ပေးပို့ သောဖိုင်များကို Download ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

၃။ မိမိစက်အတွင်းရှိ File များကို စနစ်တကျစီရန်အတွက် အသုံးပြုသောနည်းမှာ Windows Explorer ကို ဖွင့်ခြင်းဖြစ်ပါသည်။

About Windows Explorer

Windows Explorer is an application that provides detailed information about your files, folders, and drives. You can use it to see how your files are organized and to copy, move, and rename files, as well as perform other tasks pertaining to files, folders, and drives.
The simplest way to access Windows Explorer is to right-click the Start menu or the My Computer icon and select Explore. If your keyboard has a Windows logo key, you can press Win-e to launch Windows Explorer. Alternatively, you can access it from the Start menu. In newer operating systems, it is under Accessories.


Windows Explorer သည် မိမိစက်အတွင်းရှိ Files, Folders နှင့် Drives များ၏ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ပါသည်။ မိမိ Files များကို ကူးခြင်း၊ ရွှေ့ ခြင်း၊ နာမည်ပြောင်းခြင်းစသည်များကို Windows Explorer အသုံးပြုခြင်းသည် ရှင်းလင်း လွယ်ကူစေနိုင်ပါသည်။
Windows Explorer ကို အလွယ်ကူဆုံး ဖွင့်သည့်နည်းမှာ Start ဆိုသော Menu ပေါ်တွင် Right Click ပြုလုပ်၍လည်းကောင်း၊ My Computer Icon ပေါ်တွင် Right Click ပြုလုပ်ပြီး Exploreကို ရွေးချယ်ပါ။
နောက်တစ်နည်းမှာ သင်၏ Keyboard တွင် Windows Logo Key ပါရှိပါက Windows Logo Key နှင့် E Key ကို တွဲဖက်နှိပ်လျှင်လည်း Windows Explorer ပွင့်လာပါလိမ့်မည်။
နောက်တစ်နည်းမှာ Start Menu မှAll Programs ကို ရွေးချယ်၍ Accessories မှ Windows Explorer ကို ဖွင့်လျှင်လည်း ရပါသည်။

Using Windows Explorer

The Exploring window has two panes. The left pane shows the structure of your drives and folders. The right pane shows the contents of the drive or folder selected in the left pane. You can expand the information available in the left pane to show some or all of the drives and folders available on your computer. You can also reduce the information in the left pane to provide an overview of the items available on your computer.
You can use Windows Explorer to manage and organize files, start programs and open documents.

To change the size of the panes in the window, position the mouse over the vertical bar that separates the two panes and drag the bar to a new location.

A folder displaying a plus sign + contains more folders. Click the plus sign + to display more folders.

The plus sign + beside the folder changes to a minus sign - . This indicates that all the folders within the folder are displayed.

Windows Explorer ကို အသုံးပြုခြင်း


Exploring Window တွင် နှစ်ခြမ်းခွဲထားပါသည်။ ဘယ်ဖက်ခြမ်းမှာ Drives နှင့် Folders များကိုသာ ပြပါသည်။ ညာဖက်ခြမ်းတွင် မိမိရွေးချယ်လိုက်သော Drive သို့ မဟုတ် Folder ထဲမှာ ပါဝင်သော Files နှင့် Folder များကို ပြပါသည်။ ဘယ်ဖက်ခြမ်းရှိ Drives နှင့် Folders များကို ထပ်မံအသေးစိတ်သိလိုပါက ထပ်ဖွင့်နိုင်သလို ပြန်ပိတ်၍လည်း ရပါသည်။
Windows Explorer ကို အသုံးပြုခြင်းဖြင့် Files များကို စုစည်းထားနိုင်သလို Programs များနှင့် Documents များကိုလည်း ဖွင့်နိုင်ပါသည်။
ခွဲခြားထားသော နေရာအကျဉ်းအကျယ်ကို ထောင်လိုက်ဘားပေါ်သို့  mouse ကို တင်လိုက်လျှင်  Two Headed Arrow ပေါ်လာပါက Mouse Left Button ကို ဖိထားပြီး နေရာရွှေ့  ပေးနိုင်ပါသည်။
Windows XP တွင် Folder တစ်ခုတွင် + လက္ခဏာပြနေပါက Folder ထပ်ရှိနေသည်ကို ဖော်ပြပါသည်။ + ကို Click ပြုလုပ်ပါက Folder များ ထပ်ပွင့်လာသည်ကို တွေ့ ရပါမည်။
Folder ဘေးမှ + လက္ခဏာက - လက္ခဏာအဖြစ်ပြောင်းသွားပါက Folder များ အားလုံး ဖော်ပြထားသည်ကို ဆိုလိုပါသည်။


Windows 7 တွင် + - လက္ခဏာများမပါပါ။ မျှားပုံးစံလေးဖြင့်သာ ပြပါသည်။ အောက်ဖက်သို့  စိုက်နေလျှင် Folder များအကုန်ဖွင့်ထားခြင်းဖြစ်ပြီး မျှားက ဘေးတိုက်ရှိနေပါက ထပ်ဖွင့်နိုင်သေးသည်ကို ဖော်ပြပါသည်။
ဖိုင်များကို သီချင်း၊ ဓါတ်ပုံ၊ စာ စသဖြင့် သီးခြားသိမ်းဆည်းထားပါက မိမိသိမ်းဆည်းထားသည်တို့  ကို အလွယ်တကူ ပြန်လည်ရှာနိုင်မည်ဖြစ်ပါသည်။
Files များကို မည်ကဲ့သို့  ပြုလုပ်ရမည့်အသေးစိတ်ကို နောင်တွင် ထပ်မံရှင်းပြပါမည်။
ကွန်ပျူတာသုံးစွဲ၍ နည်းပညာများ လေ့လာနိုင်ပါစေ။


မမလွမ်း ပျော်ရွှင်ပါစေ..။

Saturday, June 4, 2011

ကွန်ပျူတာ အခြေခံ အပိုင်း (၇)

ဒီနေ့ တော့ မိမိကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းတဲ့နည်းလေး ပြောပြပါ့မယ်…

ကိုယ်ပိုင်စက်နဲ့  အင်တာနက်သုံးတဲ့သူတွေအတွက် အသုံးဝင်မယ်လို့  ထင်ပါတယ်…

ကွန်ပျူတာကို သုံးတာကြာလာတဲ့အခါ စက်လေးလာတာတို့ ၊ သိမ်းရခက်တာတို့  ဖြစ်လာတာကို ကြုံဖူးမှာပါ…

၁။ အင်တာနက်သုံးတဲ့စက်ဆိုရင် Website တစ်ခုကို ၀င်လိုက်တာနဲ့  ကိုယ်ကြည့်တဲ့ Web Pages တွေ၊ ပုံတွေကို Temporary Internet Files များအဖြစ် Hard Disk မှာ သိမ်းထားတတ်ပါတယ်…

၂။ မိမိ ၀င်တဲ့ Web Page က ပုံတွေ၊ သီချင်းတွေ Download လုပ်တဲ့အခါမှာလည်း Downloaded Program Files များကို Hard Disk က သိမ်းထားတတ်ပါတယ်…

၃။ မိမိ မလိုချင်လို့  ဖျက်လိုက်တဲ့ Files များဟာ Recycle Bin မှာ ရှိနေတတ်ပါတယ်… လုံးဝ မလိုချင်တော့ဘူးဆိုတာ သေချာတယ်ဆိုရင်တော့ Empty the Recycle Bin လုပ်ရပါမယ်…

၎။ တစ်ချို့ သော Program များကလည်း Temporary Files များအဖြစ် Hard Disk ပေါ်မှာ သိမ်းထားတတ်တဲ့အတွက် Hard Disk ရဲ့ နေရာကို ယူထားတတ်ပါတယ်…

ဒီအချက်တွေကြောင့် မိမိကွန်ပျူတာရဲ့ Hard Disk ရဲ့ Free Space ကို ပြန်လည်ရယူနိုင်ရန်အတွက် Disk Cleanup ဆိုတာ လုပ်ပေးရပါမယ်…

Disk Cleanup လုပ်ရင် ဘယ်အရာကို ဖျက်မလဲဆိုတာ မေးပါတယ်…

Disk Cleanup လုပ်ပြီးရင်တော့ စက်က သုံးရတာ မြန်လာပြီး Hard Disk မှာ သိမ်းရမဲ့နေရာ ပိုလာတာကို တွေ့ ရမှာပါ…


Use Disk Cleanup to remove unneeded files

You can use Disk Cleanup to find and remove files that are no longer needed. This can increase the amount of available space on your hard disk.

Disk Cleanup can find four types of files. You can select which of the four types of four types of files you want to remove from your disk.

Temporary Internet files are Web pages and images Windows stores on your hard disk while you are browsing the Web. Using temporary Internet files saves Windows from having to transfer the same pages and images to your computer each time you view them.

Downloaded program files are small programs that some Web pages require to display properly or to perform certain functions. These programs are transferred to your hard disk when you visit the Web page.

The Recycle Bin contains files you have deleted. These files are permanently removed from your computer when you empty the Recycle Bin.

While working, some programs store temporary files on your hard disk. If these files are not removed when the program has finished using them, they can take up valuable storage space.












နောက်ပြုပြင်ထိန်းသိမ်းရမဲ့ နည်းလမ်းကတော့ Defragmenter ဆိုတာကို ပြုလုပ်ပေးတာပါ…

မိမိကွန်ပျူတာကို သုံးတာကြာလာတဲ့အခါ Program တွေကို တင်လိုက်၊ ဖျက်လိုက်၊ ပုံတွေကို သိမ်းလိုက်၊ ဖျက်လိုက်နဲ့  Hard Disk ပေါ်မှာ Fragmented Files တွေဖြစ်လာပါတယ်… Fragment ပြန့် ကျဲလာတာပါ… အဲဒီ့အခါ Files တွေကို ထပ်မံသိမ်းတဲ့အခါ Hard Disk ပေါ်မှာ ကွဲပြားနေတဲ့ဧရိယာတွေ ဖြစ်ပေါ်လာပါတယ်… အစီအစဉ်တကျ မသိမ်းနိုင်တော့ပါဘူး…

ဒါကြောင့် Fragmented Files တွေ ပြန့် ကျဲမနေအောင် Defragmenter ဆိုတာ လုပ်ပေးရတာပါ…

Disk Defragmenter ဟာ သုံးနေကျ Program တွေကို ပြန်စီပေးတာကြောင့် Defragmenter လုပ်ပြီးရင် သုံးရတာ မြန်လာမှာပါ… ဒါပေမဲ့ Disk Defragmenter မသုံးခင် မိမိ Drive မှာ Error ရှိမရှိ စစ်ဆေးရပါတယ်…

Drive မှာ Error ရှိနေရင် Defragmenter သုံးလို့ မရပါဘူး…

Defragment your hard disk

You can improve the performance of your computer by using Disk Defragmenter.

Over time, the files on a hard drive become more and more fragmented. To retrieve or save a file, the computer must use many different areas on the hard drive. Disk Defragmenter reorganizes your files to reduce fragmentation and improve the performance of your drive.

You can have Disk Defragmenter rearrange your most frequently used programs so they will start faster. You can also check a drive for errors before defragmenting the drive.

If a drive contains errors, the drive cannot be defragmented.


ကွန်ပျူတာကို Disk Defragmenter လုပ်နေချိန် အတောအတွေင်းမှာ ကွန်ပျူတာအလုပ်လုပ်ရတာ နှေးသွားမှာ ဖြစ်ပါတယ်… အချိန်အတော်ယူပါတယ်… ဒါကြောင့် Disk Defragmenter မလုပ်ခင် တခြားသုံးနေတဲ့ Program တွေကို ပိတ်ထားရင် ပိုကောင်းပါတယ်…

ဒါမှမဟုတ် ကွန်ပျူတာမသုံးတော့တဲ့အချိန်မှာ Defragmenter ကို သုံးတာ အကောင်းဆုံးပါပဲ…

You can use your computer to perform tasks while Disk Defragmenter is running, but your computer will operate more slowly. Disk Defragmenter must restart each time another program accesses the drive, so the defragmentation process will take longer. You may want to close other programs before defragmenting a drive.

It is best to defragment at a time when you are not using your computer.









မိမိကွန်ပျူတာမှာ Error ရှိတယ်ဆိုရင်တော့ ScanDisk ပြုလုပ်ပေးရမှာပါ…

Standard Test လုပ်ရင် မိမိကွန်ပျူတာရဲ့ Files နဲ့  Folders တွေမှာ Error ရှိမရှိ စစ်ပေးတာပါ…

Thorough Test လုပ်ရင်တော့ Standard Test လို လုပ်ပေးတဲ့အပြင် Disk မျက်နှာပြင်မှာ ပျက်စီးမှု ရှိမရှိဆိုတာပါ စစ်ပေးတာပါ… Bad Sector ဆိုတာ ကြားဖူးမှာပါ… ScanDisk Run လို့  မိမိ Hard Drive မှာ Bad Sector တွေ များလာရင် Hard Disk အသစ်လဲရတတ်ပါတယ်…


Hard Disk

ScanDisk က သာမန် Error ကို Fix လုပ်ပေးပါတယ်…

ScanDisk ပြုလုပ်ပြီးရင် မိမိ Drive ရဲ့ စစ်ဆေးချက် မှတ်တမ်း ပေါ်လာမှာပါ…

Check for Disk Errors

ScanDisk is a program included with Windows that detects and repairs disk errors on hard drive.

The standard test checks for errors in files and folders. The thorough test performs the same check as the standard test and also checks the disk surface for physically damages areas that can no longer be used to store information.

You can have ScanDisk automatically fix the errors it finds.

When ScanDisk is finished checking a drive, a summary appears, displaying information about the drive.



မိမိကွန်ပျူတာရဲ့ Operating System Software ပေါ်မူတည်၍ ပုံစံအနည်းငယ် ကွာခြားသော်လည်း အခြေခံသဘောတရားချင်း တူညီပါသည်။ ဥပမာ - WindowsXP, Vista, Windows 7

မိမိကွန်ပျူတာကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်ကြပါစေ…

အောင်မြင်နေပါစေ မမလွမ်း....

ကွန်ပျူတာအခြေခံ အပိုင်း (၆)

ဒီနေ့ တော့ Network အကြောင်းကို ရှင်းပြပါမယ်…

သူငယ်ချင်းတို့  အခုသုံးနေတဲ့ အနာဂတ်ကောင်းကင်ဟာ Ning Network ဖြစ်ပါတယ်…

ပင်မစာမျက်နှာညာဖက် ကိုကြီးနှုတ်ခမ်းမွှေးပုံမှာ ရေးထားတဲ့စာလေးကို ဖတ်မိမှာပါ…

futuresky created this Ning Network ဆိုတာကို တွေ့ ကြမှာပါ…

နိုင်ငံအသီးသီးက သူငယ်ချင်းများက မိမိတို့ ရဲ့ ကွန်ပျူတာကို အင်တာနက်နဲ့  ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ စာပေများ၊၊ သီချင်းများ၊ Video များကို ဝေမျှခံစားစေတာဟာ Network ကြီးတစ်ခုထဲမှာ လှုပ်ရှားနေကြတာပါ…


INTRODUCTION TO NETWORKS

A network is a group of connected computers that allow people to share information and equipment.

Network ဆိုတာ အချက်အလက်တွေ၊ ကိရိယာတွေကို ဝေမျှသုံးစွဲတာကို ခွင့်ပြုတဲ့ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ထားတဲ့ အုပ်စုကို ဆိုလိုတာပါ…



Types of Networks
Network အမျိုးအစားများ

Local Area Network
A Local Area Network (LAN) is a network that connects computers within a small geographic area, such as a building.

Local Area Network (LAN) ဆိုတာဟာ အဆောက်အဦတစ်ခုထဲအတွင်းမှာပဲ ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ…

ကုမ္ပဏီများ၊ အင်တာနက်ဆိုင် (Cyber Cafe) တွေမှာ ကွန်ပျူတာကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုတာကို LAN လို့  ခေါ်ပါတယ်…

Wide Area Network
A Wide Area Network (WAN) is a network that connects computers across a large geographic area, such as a city or country. A WAN can transmit information by telephone line, microwave or satellite.

Wide Area Network (WAN) ဆိုတာကတော့ မြို့ တွေ၊ တိုင်းပြည်တွေကို ဖြတ်ပြီး ကွန်ပျူတာများ ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ… WAN ကတော့ တယ်လီဖုံးလိုင်း (သိုးမဟုတ်) ဂြိုလ်တုစနစ်နဲ့  သတင်းအချက်အလက်တွေကို ပေးပို့ တာပါ…

Network Advantages
Network ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

Work Away From Office
When traveling or at home, you can connect to the network at work to exchange messages and files.

မိမိခရီးသွားတဲ့အခါဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ Network ချိတ်ထားမယ်ဆိုရင် သတင်းနဲ့  ဖိုင်များကို ဖလှယ်လို့  ရပါတယ်…

Share Information
Networks let you easily share data and programs. You can exchange documents, electronic mail, video, sound and images.

Network ချိတ်ထားခြင်းဖြင့် အချက်အလက်တွေ၊ Programs တွေကို ဝေမျှလို့  လွယ်ပါတယ်… စာတွေ၊ E-Mail တွေ၊ Video တွေ၊ အသံတွေနဲ့  ရုပ်ပုံတွေကို ဖလှယ်လို့ ရပါတယ်…
ဆိုလိုတာကတော့ လွမ်းတို့ တွေ Data တွေကို သိမ်းဆည်းနိုင်တဲ့ Memory Stick တို့ ၊ External Harddisk တို့  မလိုတော့တာပါ…

Share Equipment
Computers connected to a network can share equipment, such as a printer or modem.

Network ချိတ်ထားမယ်ဆိုရင် Printer တို့ ၊ Modem တို့ ၊ Scanner တို့ ကို ကွန်ပျူတာအားလုံးက ဝေမျှသုံးစွဲနိုင်တာပါ…


ဥပမာအားဖြင့် အင်တာနက်ဆိုင်မှာ Modem တစ်ခုပဲ လိုပါတယ်… Computer တွေကို Network ချိတ်ထားပြီး Internet ကို ဝေမျှသုံးစွဲနေတာပါ…




Network Administrator
A network administrator manages the network and makes sure the network runs smoothly. A network administrator may also be called a network manager, information systems manager or system administrator.

Network Administrator ဆိုတာဟာ Network ကို ချောမွေ့ စွာ အသုံးပြုနိုင်အောင် စီမံ အုပ်ချုပ်ရတဲ့သူကို ဆိုလိုတာပါ… Network Administrator ကို Network Manager, Information Systems Manager ဒါမှမဟုတ် System Administrator လို့  ခေါ်ပါတယ်…

Network Applications
Network အသုံးပြုပုံများ

Electronic Mail
You can exchange electronic mail (e-mail) with other people on a network. Electronic mail saves paper and provides a fast, convenient way to exchange ideas and request information.

Network ချိတ်ထားတဲ့ စက်အချင်းချင်း E-Mail ပို့ လို့ ရပါတယ်… အတွေးအခေါ်၊ တောင်းဆိုလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပို့ ပေးပြီး သိမ်းဆည်းထားလို့  ရပါတယ်…
Network ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာဆိုရင် ရုံးရောက်တာနဲ့  E-Mail စစ်ကြရပါတယ်…
အစည်းအဝေးဖိတ်စာတွေ၊ ညွှန်ကြားချက်တွေကို E-Mail နဲ့  ပို့ တာပါ…

Videoconferencing
Videoconferencing allows you to have face-to-face conversations with other people on a network, whether they are around the corner or on the other side of the country.
A computer must have a sound card, speakers and microphone to transmit and receive sound. The computer must also have a video camera to transmit video images.

Network ချိတ်ထားတဲ့ Computer တွေမှာ မျက်နှာချင်းဆိုင် စကားပြောလို့  ရပါတယ်…
Computer မှာတော့ အသံကိုလက်ခံရန် Sound Card, Speaker နဲ့  Microphone ရှိရပါမယ်…
ပုံရိပ်ကို မြင်နိုင်ရန်အတွက် Video Camera ရှိရပါမယ်…

Parts of a Network
Network ရဲ့ အစိတ်အပိုင်းများ

Network Traffic
Network traffic is the information that travels through a network. When there is a lot of network traffic, information travels more slowly through the network.

Network Traffic ဆိုတာကတော့ Network ကို ဖြတ်နေတဲ့ သတင်းအချက်အလက်ကို ဆိုလိုတာပါ.. Network Traffic များလာတာနဲ့ အမျှ Network ကိုဖြတ်ပို့ နေတဲ့ သတင်းအချက်အလက် ပို့ ဆောင်မှုဟာ နှေးသွားပါတယ်…

Hub
A hub is a device that provides a central location where all the cables on a network come together.

Network ချိတ်ထားတဲ့ Computer တွေက လာတဲ့ ကြိုးတွေကို တစ်နေရာတည်းမှာ ဆက်သွယ်ထားတဲ့ ကိရိယာပါ…

ခုဆိုရင် Switch ဆိုပြီး အင်တာနက်ဆိုင်တွေမှာ သုံးပါတယ်…



Network Interface Card
A network interface card is a device that physically connects each computer to a network. This card controls the flow of information between the network and the computer.

Network ချိတ်တဲ့ ကွန်ပျူတာတိုင်းမှာ Network Interface Card ရှိရပါမယ်… ဒီ Card ဟာ Network နဲ့  Computer ကြားမှာ သတင်းအချက်အလက်ပေးပို့ နိုင်ဖို့  ထိန်းချုပ်ပေးပါတယ်…

Cables
Cables are the wires that connect computers and equipment on a network. There are four main types of cables-coaxial, Unshielded Twisted Pair (UTP), Shielded Twisted Pair (STP), and fiber-optic.
Fiber-optic cable is the most expensive type of cable, but it can carry information faster and over longer distances than other types of cables.

Network ကြိုးများကို ကွန်ပျူတာနဲ့  Printer, Scanner စတဲ့ ကိရိယာတွေ ချိတ်ဆက်ရာတွင် သုံးပါတယ်…
အဓိက ကြိုးအမျိုးအစား လေးမျိုးရှိပါတယ်…
၁။ Cables-coaxial
၂။ Unshielded Twisted Pair (UTP)
၃။ Shielded Twisted Pair (STP)
၎။ Fiber-optic
Fiber-optic ကြိုးကတော့ ဈေးကြီးပြီး ဝေးလံတဲ့အကွာအဝေးတွေမှာ သတင်းအချက်အလက်ကို လျင်မြန်စွာ ပို့ ဆောင်ပေးနိုင်ပါတယ်…

How Information is Stored
သတင်းအချက်အလက်များ သိမ်းဆည်းပုံ

Peer-To-Peer Network
All the people on a peer-to-peer network store their files on their own computers. Anyone on the network can access files stored on any other computer.
A peer-to-peer network provides a simple and inexpensive way to connect fewer than ten computers.




Peer-To-Peer Network ချိတ်ထားတဲ့ Computer တွေဟာ မိမိစက်မှာပဲ ဖိုင်များကို သိမ်းဆည်းပါတယ်… မိမိသိမ်းဆည်းထားသော ဖိုင်ကို Network ချိတ်ထားတဲ့ Computer တိုင်းက အသုံးပြုလို့  ရပါတယ်…
Peer-To-Peer Network ဆက်သွယ်ပုံက ရိုးရှင်းပြီး အကုန်အကျနည်းပါတယ်…
၁၀-လုံးထက်နည်းတဲ့ Computer တွေကို ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်…

Manage Files
Files are stored in many different locations. This makes the files difficult to manage, back-up and protect. However, if one computer malfunctions, the rest of the network will not be affected.

ဖိုင်တွေကို နေရာအမျိုးမျိုးမှာ သိမ်းဆည်းထားတဲ့အတွက် ဖိုင်ကို ထိန်းချုပ်ဖို့  ၊ Back-up လုပ်ဖို့ ၊ ဖိုင်ကို မပျောက်ပျက်အောင် ကာကွယ်ဖို့  ခက်ပါတယ်…
Back-up လုပ်တယ်ဆိုတာ မိမိအရေးကြီးတဲ့ဖိုင်တွေကို နောက်တစ်နေရာမှာ ထပ်ပြီး သိမ်းဆည်းထားတာကို ဆိုလိုတာပါ…
ဒါပေမဲ့ ကွန်ပျူတာတစ်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့ Network ချိတ်ထားတဲ့ Computer ကို မထိခိုက်စေနိုင်ပါဘူး…

CLIENT/SERVER NETWORK
All the people on a client/server network store their files on a central computer. Everyone connected to the network can access the files stored on the central computer.
A client/server network provides a highly efficient way to connect ten or more computers or computers exchanging large amounts of information.



Client/Server Network ဆိုတာ Network ချိတ်ထားတဲ့ Computer အားလုံးက Files တွေကို ပင်မကွန်ပျူတာတစ်ခုထဲမှာပဲ သိမ်းဆည်းတာကို ဆိုလိုတာပါ…
လူတိုင်းက ပင်မကွန်ပျူတာထဲက သိမ်းထားတဲ့ ဖိုင်တွေကို သုံးလို့ ရပါတယ်…
Client/Server Network ဟာ ၁၀-လုံးထက် ပိုမိုတဲ့ ကွန်ပျူတာများ ချိတ်ဆက်ပြီး များစွာသော သတင်းအချက်အလက်တွေ ဖလှယ်တဲ့နေရာမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်…

Server
The server is the central computer that stores the files of every person on the network.


Server ဆိုတာ Network ပေါ်မှာ ရှိတဲ့ လူတိုင်းက ဖိုင်တွေကို သိမ်းနိုင်တဲ့ ပင်မကွန်ပျူတာကို ဆိုလိုတာပါ…

Manage Files
All the files are stored on the server. This makes the files easy to manage, back-up and protect. However, if the server malfunctions, the entire network will be affected.

ဖိုင်များအားလုံးကို Server မှာပဲ သိမ်းဆည်းထားတဲ့အတွက် ဖိုင်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်… Back-up လုပ်ဖို့  နဲ့  ကာကွယ်ဖို့  လွယ်ကူပါတယ်…

Client
A client is a computer that can access information stored on the server.

Client ဆိုတာ Server မှာရှိတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တဲ့ ကွန်ပျူတာကို ဆိုလိုတာပါ…

Intranet
An intranet is a small version of the Internet inside an office.

မိမိရုံးအတွင်းမှာပဲ Internet လို သုံးနိုင်တာကို Intranet လို့  ခေါ်ပါတယ်…
Intranet မှာ များသောအားဖြင့် မိမိကုမ္ပဏီသတင်းအချက်အလက်များကို ၀န်ထမ်းများသိစေရန် Webpage ပြုလုပ်တင်ထားလေ့ရှိပါတယ်…

ဒီလောက်ဆိုရင် Network နဲ့ ပတ်သက်ပြီး သိပြီလို့  ယူဆပါတယ်…

ဒီနေရာမှာ အင်တာနက်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောပြချင်ပါတယ်…

The Internet is the largest computer network in the world.
အင်တာနက်သုံးရင်း ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ…

ပျော်ရွှင်နေပါစေ မမလွမ်း........

ကွန်ပျူတာအခြေခံ အပိုင်း (၅)

ဒီတစ်ခါတော့ မိမိကွန်ပျူတာလေးအကြောင်းကို ပြောနိုင်တဲ့နည်းလေး သင်ပေးပါမယ်...

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာအကြောင်းလေးကို ပြောပြတတ်ဖို့  လိုပါတယ်...

ကွန်ပျူတာကို ၀ယ်မယ်ဆိုရင်လည်း ဘယ်လိုအမျိုးအစားဝယ်ချင်တယ်ဆိုတာ ပြောပြနိုင်ရင် ပိုကောင်းပါတယ်...

လွမ်းပထမဆုံး Operating System Software ကို Windows XP တင်ထားတဲ့စက်ရဲ့ အကြောင်းလေး ပြောပြပါမယ်...

My Computer ဆိုတဲ့ Program Icon လေးကို Desktop မှာ မတင်ထားဘူး ဆိုပါစို့ ...

Keyboard က Windows Key ကို နှိပ်ရင်ပဲ ဖြစ်ဖြစ် ၊ Mouse နဲ့  Start ကို Click လုပ်ရင်ပဲဖြစ်ဖြစ် Start Menu မှ My Computer ကို Click လုပ်ပါ...



အဲဒီအခါမှာ အောက်မှာ ဖေါ်ပြတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်...



မိမိ Harddisk ရဲ့ အသေးစိတ်ကို တွေ့ မြင်ရပါမယ်... ခုစက်မှာ 236GB ရှိတာကို တွေ့ မြင်ရမှာပါ...
အနီဝိုင်းပြထားတဲ့ View System Information ဆိုတာကို Click လုပ်ကြည့်လိုက်ပါ...



မိမိစက်အကြောင်းလေးကို တွေ့ မြင်ရမှာဖြစ်ပါတယ်...
Operating System Software က Microsoft Windows XP Professional Version 2002 Service Pack 3 ကို တင်ထားတာပါ...
CPU က Intel Pentium ဖြစ်ပြီး 1.73 GHz ရှိပါတယ်... 1.73 GigaHertz ဆိုတာ CPU ရဲ့ Speed ကို ဖေါ်ပြတာပါ...
RAM က 1.25GB ပါ... တစ်ချို့ သော Game များ၊ Graphic Software များအတွက် RAM က အနည်းဆုံး 2GB ရှိသင့်ပါတယ်...

နောက်ခံ Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties ကို Click လုပ်ပါ...



အဲဒီအခါ Settings ဆိုတဲ့ Tab ကို Click လုပ်ပါ... အောက်ဖေါ်ပြပါ ပုံအတိုင်းမြင်ရပါမယ်...


Screen ရဲ့ Resolution ကို တွေ့ မြင်ရမှာပါ... 1280x800 Pixels ပါ...
Color Quality ကို Highest (32 bit) ဆိုတာ တွေ့ မြင်ရပါလိမ့်မယ်...

ယခုအခါ Windows Vista တွင် ကြည့်နည်းပြောပါမယ်...
Desktop ပေါ်မှာ My Computer ကို တင်ထားရင် My Computer ဆိုတဲ့ Program Icon ပေါ်မှာ Mouse Pointer ကို ထားပြီး Right Click လုပ်ရင် Shortcut Menu (or) Pop-up Menu ပေါ်လာပါလိမ့်မယ်... Properties ကို Click လုပ်ပါ...


မိမိစက်ရဲ့အကြောင်းလေးကို ဖတ်ရမှာဖြစ်ပါတယ်...

Operating System Software ကို Windows Vista Ultimate ကို သုံးထားတာပါ...
CPU က Intel Core2 Duo ပါ... Speed က 2GHz ပါ...
RAM က 2045 MB ဖြစ်တဲ့အတွက် 2.045GB ပါ...
Color Quality က 32-bit ပါ...

အခုတစ်ခါ Operating System Software ကို Windows 7 တင်ထားတဲ့စက်မှာ ကြည့်တဲ့နည်းပါ...

Start ကို Click လုပ်ပြီး Computer ဆိုတာကို Click လုပ်လိုက်ရင် အောက်ဖေါ်ပြပါအတိုင်း မြင်ရပါမယ်...



Computer ပုံပေါ်မှာMouse Pointer ကို ထားပြီး Right Click ပြုလုပ်တဲ့အခါ Shortcut Menu Dialog Box ပေါ်လာပါမယ်...
System Properties ဆိုတာကို Click ပြုလုပ်ပါ...



Operating System Software ကို Windows 7 Home Premium တင်ထားတာပါ...
CPU က Intel Core i5 ပါ... Speed က 2.53GHz ပါ...
RAM က 4GB ပါ... 3D Game များ၊ Graphic Design များအတွက် ကောင်းပါတယ်...
Color Quality က 64-bit ပါ...

ရွှင်လန်းချမ်းမြေ့နေပါစေ မမလွမ်းရေ...။

ကွန်ပျူတာအခြေခံ အပိုင်း (၄)

ဒီနေ့  Monitor အကြောင်း ရှင်းပြပါမယ်…

Monitor
A monitor displays text and images generated by the video card.
A video card is also called a video adapter, video board, graphics adapter and graphics board or graphics card.

Monitor ဟာ Graphic Card ကြောင့် စာတွေ၊ ပုံတွေ မြင်ရတာပါ…
Graphic Card ကို Video Adapter, Video Card, Video Board, Graphic Adapter စသဖြင့် ခေါ်ပါတယ်…

Size
The size of a monitor is measured diagonally across the screen. Common monitor sizes are 14, 15, 17 and 21 inches.

Monitor အရွယ်အစားကို Monitor ကို ထောင့်ဖြတ်တိုင်းတာပါတယ်… များသောအားဖြင့် ၁၄-လက်မ၊ ၁၅-လက်မ၊ ၁၇-လက်မ၊ ၂၁-လက်မတို့ ကို အသုံးပြုပါတယ်…

Flat-panel
A flat-panel monitor uses Liquid Crystal Display (LCD), which is the same type of display found in most digital wristwatches.



ယခုအခါ Liquid Crystal Display (LCD) သုံးတဲ့ Flat-Panel Monitor များကို အသုံးပြုပါတယ်…

Screen Saver
A screen saver is a moving picture or pattern that appears on the screen when you do not use a computer for a period of time.
Screen savers were originally designed to prevent screen burn, which occurs when an image appears in a fixed position for a period of time.

Screen Saver ဆိုသည်မှာ မိမိကွန်ပျူတာကို ခေတ္တအသုံးမပြုသောအချိန်တွင် Screen ကို Burn မဖြစ်စေရန် ရွေ့ ရှားနေသော ရုပ်ပုံများ ထည့်ထားခြင်းကို ဆိုလိုပါတယ်…

Resolution
Resolution determines the amount of information a monitor can display.
Resolution is measured by the number of horizontal and vertical pixels. A pixel is the smallest element on the screen. Pixel is short for picture element.

Resolution ဆိုတာ Monitor မှာ ပြနေသော ရုပ်ပုံများရဲ့ အရည်အသွေးကို ပြတာပါ…
Resolution ကို အလျားလိုက်နဲ့  ဒေါင်လိုက် Pixels များနဲ့  ဖော်ပြပါတယ်…

A monitor lets you adjust the resolution to suit your needs.


Monitor Resolution ကို လိုအပ်သလို ပြောင်းပေးနိုင်ပါတယ်…

640x480 Pixels

800x600 Pixels

1,024x768 Pixels

1,280x1,024 Pixels


Lower resolutions display larger images so you can see information more clearly.

Resolution နည်းရင် ပုံများဟာ ပိုကြီးပြီး အချက်အလက်များကို ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါတယ်…

Higher resolutions display smaller images so you can display more information at once.

Resoution မြင့်ရင်တော့ ပုံများဟာ သေးငယ်ပြီး အချက်အလက်များကို ချက်ခြင်း ပြပေးနိုင်ပါတယ်….

Color Depth
The number of colors a monitor can display determines how realistic images appear on a screen. More colors result in more realistic images.

Monitor Screen ပေါ်မှာ အစစ်အမှန်ပုံရိပ်များပေါ်တာကို အရောင်အရေအတွက်နဲ့  တိုင်းတာ ဖေါ်ပြပါတယ်…

VGA
Video Graphics Array (VGA) monitors display 16 colors at a resolution of 640x480. This is the minimum standard for computer systems.

ယခင်က VGA (Video Graphic Array) ဟာ အရောင်-၁၆ မျိုးသာပါပြီး Resolution မှာ 640x480 Pixels သာ ရှိပါတယ်…

SVGA
Super Video Graphics Array (SVGA) monitors display more colors and higher resolutions than VGA monitors. Most new computer systems offer SVGA.

ယခုအခါ SVGA (Super Video Graphics Array) Monitor များကို အသုံးပြုပြီး Resolution ပိုမြင့်ပါတယ်…

အရောင်များနဲ့ ပတ်သက်ပြီး အခေါ်အဝေါ်လေးသိရန် တင်ပြပါတယ်…

16 Colors (4-bit color)

256 Colors (8-bit color)

65,536 Colors (16-bit color)

16,777,216 Colors (24-bit color)


Modem

A modem lets computers exchange information through telephone line.

A modem translates computer information into a form that can transmit over phone lines.

Modem ဆိုတာ တယ်လီဖုံးလိုင်းနဲ့  ဆက်သွယ်ပြီး အချက်အလက်များကို လွှဲပြောင်းလို့ ရတဲ့ အရာလေးပါ…

Phone Line
You do not need a separate phone line to use a modem. You can use the same phone line for telephone and modem calls. If your telephone and modem share the same line, make sure you turn off the call waiting feature when using your modem, since this feature could disrupt the modem connection.

Modem ကို အသုံးပြုဖို့  သီးခြား တယ်လီဖုံးတပ်ဆင်ရန် မလိုပါ… အသုံးပြုနေသော တယ်လီဖုံးကိုပင် တယ်လီဖုံးရော Modem ပါ အသုံးပြုနိုင်ပါတယ်… လိုင်းတစ်ခုထဲကို အသုံးပြုတဲ့အတွက် Modem အသုံးပြုချိန်မှာ တယ်လီဖုံးမှ Call waiting feature ကို ဖြုတ်ထားရပါတယ်…

The receiving modem translates the information it receives into a form the computer can understand.


Modem က ကွန်ပျူတာက နားလည်အောင် အချက်အလက်များကို လက်ခံ ပြောင်းလဲပေးပါတယ်…

Modem Applications
Modem အသုံးပြုပုံများ

Connect to the Internet
A modem lets you connect to the Internet. This lets you access a vast amount of information and meet thousands of people with similar interests.

Modem ဟာ အင်တာနက်ချိတ်ဆက်ရာတွင် အသုံးပြုနိုင်ပါတယ်…

Exchange Information
When traveling or at home, you can use a modem to access information stored on the network at work. You can send and receive electronic messages (e-mail) and work with office files.

မိမိအိမ်နဲ့  အလုပ်ကို Network ချိတ်ထားမယ်ဆိုရင် E-mail (Electronic Mail) နဲ့  Office Files များကို ပို့ တာနဲ့ လက်ခံတာကို Modem ကို အသုံးပြုနိုင်ပါတယ်…

Send and Receive Faxes
Most modems can send and receive faxes. With a fax modem, you can create a document on your computer and then fax the document to another computer or fax machine.
When a computer receives a fax, the document appears on the screen. You can review and print the document, but you cannot edit the document unless you have Optical Character Recognition (OCR) Software.

Modem ကို အသုံးပြုပြီး Fax များကို ပို့ တာ နဲ့  လက်ခံတာကို ဆောင်ရွက်နိုင်ပါတယ်… မိမိကွန်ပျူတာမှာ စာရိုက်ပြီး Fax modem မှတစ်ဆင့် တခြားကွန်ပျူတာနဲ့  Fax Machine ကို ပေးပို့ နိုင်ပါတယ်…

Types of Modems
Modem အမျိုးအစားများ

An internal modem is a circuit board that plugs into an expansion slot in a computer. This type of modem is generally less expensive than an external modem, but is more difficult to set up.
You can see the edge of an internal modem at the back of a computer.

Internal Modem ဆိုတာ Circuit Board ဖြစ်ပြီး ကွန်ပျူတာ Casing ထဲရှိ Expansion slot မှာ တပ်ဆင်ထားပါတယ်…
Internal Modem က External Modem ထက် ဈေးသက်သာပေမဲ့ Set up လုပ်ဖို့  ခက်ခဲပါတယ်…

External Modem
An external modem is a small box that plugs into the back of a computer. An external modem takes up room on your desk, but you can use this type of modem with more than one computer.
Status lights on the modem tell you about the current transmission. For example, the RD light is on when the modem is receiving data.

External Modem ကတော့ သေးငယ်တဲ့ Box လေးပါပဲ… External Modem ကတော့ ကွန်ပျူတာတစ်လုံးထက် ပိုသုံးနိုင်ပါတယ်…

Modem Speed
The speed of a modem determines how fast it can send and receive information through telephone lines.
Modem speed is measured in bits per second (bps). You should buy a modem with a speed of at least 56,000 bps (56 Kbps).
Buy the fastest modem you can afford. Faster modems transfer information more quickly.

Modem ရဲ့ Speed ကို bits per second (bps) နဲ့  တိုင်းတာပါတယ်… အနည်းဆုံး 56Kbps (56-Kilobits per second) ရှိတဲ့ Modem ကို ၀ယ်ယူအသုံးပြုသင့်ပါတယ်…

ဒါကြောင့် မိမိအိမ်တွင် အင်တာနက်တပ်ဆင်လိုပါက-

၁။ ကွန်ပျူတာတစ်စုံ (Computer Case, Monitor, Keyboard, Mouse)

၂။ Modem ရှိရပါတယ်… Internal Modem or External Modem ကို အသုံးပြုနိုင်ပါတယ်…

၃။ Digital Telephone Line ရှိရပါမယ်…


၎။ အင်တာနက်ကို ထုတ်လွှင့်ပေးနေသော Internet Service Provider ရှိရပါမယ်…

၅။ မိမိအိမ်တွင် အင်တာနက်ကို ကွန်ပျူတာတစ်လုံးထက်ပိုမို ချိတ်ဆက်လိုပါက ကွန်ပျူတာများတွင် Network Interface Card တပ်ဆင်ထားရပါမယ်…
(Network နဲ့ ပတ်သက်၍ နောင်တွင် အသေးစိတ် ရှင်းပြပါမယ်…)



လွမ်းရေးထားတာကို သေချာဖတ်ပြီးပြီဆိုရင်တော့ မေးခွန်းလေး ပြန်မေးချင်ပါတယ်…

မိမိအသုံးပြုတဲ့ ကွန်ပျူတာရဲ့ Operating System Software က ဘာလဲ ?

မိမိကွန်ပျူတာမှာ ဘာ Application Software တွေ တင်ထားပါသလဲ?

မိမိအသုံးပြုတဲ့ CPU က ဘာအမျိုးအစားလဲ?

Harddisk က ဘယ်လောက်ရှိသလဲ? (GB)

RAM ကရော ဘယ်လောက်ထည့်ထားလဲ?(MB or GB)

DVD R/W တပ်ဆင်ထားသလား?

CD R/W တပ်ထားတာလား?

Graphic Card ကရော ဘာအမျိုးအစားလဲ?

Monitor Resolution ဘယ်လောက်လုပ်ထားလဲ? သိချင်ပါတယ်…

ဖြေနိုင်ရင် ဖြေပေးပါ…

ရွှင်လန်းချမ်းမြေ့ကြပါစေ…

မမလွမ်း အောင်မြင်နေပါစေ..

ကွန်ပျူတာအခြေခံ အပိုင်း (၃)

ဒီနေ့ တော့ Keyboard အကြောင်းလေး အသေးစိတ်ရှင်းပြပါမယ်…
Keyboard
The keys on a keyboard let you enter information and instructions into a computer.
Most keyboards have 101 keys. Your keyboard may look different from the keyboard shown here.

Keyboard ဟာ ကွန်ပျူတာထဲကို အချက်အလက်များထည့်သွင်းနိုင်တဲ့ ခလုတ်လေးများပါဝင်ပါတယ်…
Keyboard မှာ 101 Keys အနည်းဆုံးပါဝင်ပြီး ယခုအခါ 104, 105 Keyboard များကို အသုံးပြုပါတယ်…




Escape Key
You can press Esc to quit a task you are performing.

မိမိလုပ်နေတဲ့အလုပ်ကို Cancel လုပ်ချင်တဲ့အခါ Esc Key ကို နှိပ်ရပါမယ်…

Function Keys
These keys let you quickly perform specific task. For example, in many programs you can press F1 to display help information.

F1 ကနေ F12 အထိ ရှိတဲ့ Key ကို Function Key များလို့  ခေါ်ပါတယ်…
မိမိသုံးစွဲသော Software ပေါ်မူတည်ပြီး Function Key ဟာ အသုံးဝင်တဲ့ Keys များပဲ ဖြစ်ပါတယ်…တော်တော်များများ Program တွေမှာ F1 Key ကို နှိပ်ရင် Help information ပေါ်လာမှာပါ…
Alt+F4 နှိပ်လျှင် မိမိဖွင့်ထားသော Windows ကို ပိတ်သည့်အခါ သုံးနိုင်ပါတယ်..
မည်သည့် Windows မှ ဖွင့်မထားပဲ Alt+F4 ကို နှိပ်လျှင် Shut Down Dialog Box ပေါ်လာမှာ ဖြစ်ပါတယ်…

Backspace Key
You can press Backspace to remove the character to the left of the cursor.

Backspace Key ဟာ Cursor ရဲ့ ဘယ်ဖက်မှာရှိတဲ့ စာလုံးကို ဖျက်သည့်အခါ သုံးနိုင်ပါတယ်…

Delete Key
You can press Delete to remove the character to the right of the cursor.

Delete Key ကတော့ Cursor ရဲ့ ညာဖက်မှာရှိတဲ့ စာလုံးကို ဖျက်သည့်အခါ သုံးနိုင်ပါတယ်…

Status Lights
These lights indicate whether the Num Lock or Caps Lock features are on or off.

Status Light ဟာ Num Lock ဒါမှမဟုတ် Caps Lock ပိတ်၊ မပိတ် ပြပါတယ်…

Numeric Keypad
When the Num Lock light is on, you can use the number keys (0 through 9) to enter numbers. When the Num Lock light is off, you can use these keys to move the cursor around the screen. To turn the light on or off, press Num Lock.

Numeric Keypad မှာ Num Lock မီးလင်းနေရင် နံပါတ်များကို သုံးနိုင်ပြီး Num Lock ပိတ်ထားပါက Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းတာကို သုံးလို့ ရမှာဖြစ်ပါတယ်…

Arrow Keys
These keys let you move the cursor around the screen.

Arrow Key များဟာ Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းရာတွင် အသုံးပြုနိုင်ပါတယ်…

Enter Key
You can press Enter to tell the computer to carry out a task. In a word processing program, press this key to start a new paragraph.

မိမိအလုပ်ပြီးမြောက်တဲ့အခါ Enter Key ကို နှိပ်ပါတယ်… စာရေးတဲ့ Program တွေမှာတော့ နောက်စာပိုဒ်တစ်ခုကို ပြောင်းလိုတဲ့အခါ Enter Key ကို နှိပ်ပါတယ်…

Application Key
You can press the Application key to quickly display shortcut menu for an item on your screen.

Application Key ဟာ Shortcut menu ပေါ်လိုတဲ့အခါ သုံးတဲ့ Key ပါ…

Spacebar
You can press the Spacebar to insert a blank space.

Spacebar ဟာ Space ခြားချင်တဲ့အခါ သုံးပါတယ်…


Windows Key
You can press the Windows key to quickly display the Start menu when using the Windows XP, Vista or Windows 7 operating systems.

Windows key ကို နှိပ်ရင် Start menu ကို ဖွင့်လိုက်တာပါ…

Ctrl and Alt Keys
You can use the Ctrl or Alt key in combination with another key to perform a specific task. For example, in some programs you can press Ctrl and S to save a document.

Ctrl နဲ့  Alt Key များဟာ တခြား Key များနဲ့  တွဲနှိပ်ခြင်းဖြင့် အသုံးဝင်သော Command များ ပေးနိုင်ပါတယ်…
Ctrl+S ဆိုလျှင် Save Command ပါ…
Ctrl+C ဆိုလျှင် Copy ဖြစ်ပြီး Ctrl+V ဆိုလျှင် Paste ဖြစ်ပါတယ်..
တစ်ခုခုမှားသွားခဲ့လျှင် Ctrl+Z နှိပ်ပါက Undo Command နဲ့ တူပါတယ်…
Ctrl+A ဟာ Select All ဖြစ်ပါတယ်…

Caps Lock and Shift Keys
These keys let you enter text in uppercase (ABC) and lower case (abc) letters.
Press Caps Lock to change the case of all letters you type. Press the key again to return to the original case.
Press Shift in combination with another key to type an uppercase letter.

Caps Lock ဟာ စာအားလုံးကို Uppercase သုံးချင်တဲ့အခါမှာ သုံးတာပါ…
သာမန်စာရေးတဲ့အခါ Caps Lock on ထားစရာမလိုပဲ Shift နဲ့  Letter Key တွဲနှိပ်ရင် Uppercase Letter ဖြစ်ပါတယ်…

Types of Keyboard
Wireless




Wireless keyboards do not use a cable to connect to a computer. A wireless keyboard uses an infrared transmitter and receiver to communicate with a computer.

Wireless Keyboard သုံးတဲ့အခါ ကြိုးများနဲ့  ချိတ်ဆက်စရာမလိုတော့ပါ…

Ergonomic




Ergonomically designed keyboards position your hands naturally and support your wrists so you can work more comfortably.

Ergonomic Keyboard ဟာ စာရိုက်တဲ့အခါ လက်ကောက်ဝတ်အနေအထားကို သက်တောင့်သက်သာရှိစေရန် ပြုလုပ်ထားတာပါ…

Built-in Enhancements




Many new keyboards include built-in enhancements such as touchpad, microphones, speakers and volume control.

တစ်ချို့ သောKeyboard များတွင် touchpad, microphone, speaker နဲ့  Volume Control များကို တပ်ဆင်ထားပါတယ်…

Position your hands
Most keyboards have small bumps on the F and J keys. These bumps help you position your fingers without looking at the keyboard.

မိမိလက်အနေအထားကို Keyboard မကြည့်ပဲ ထားနိုင်ရန် F နဲ့  J Key တို့ တွင် အဖုလေး ပြုလုပ်ထားပါတယ်…

Keyboard Shortcuts
Most programs let you select commands by using keyboard shortcuts. These shortcuts are often shown on the menus. For example, to select the Save command in some programs, you can press the Ctrl and S keys.
A plus sign (+) between two key names tells you press and hold down the first key before pressing the second key.

Keyboard Shortcut Key များတွင် Ctrl+S လို့ ပြထားလျှင် ပထမ Key ဖြစ်သော Ctrl Key ကို ဖိထားပြီး ဒုတိယ Key ဖြစ်သော S ကို နှိပ်ရမည် ဖြစ်ပါတယ်…


Print Sceen ပြုလုပ်ခြင်း

Keyboard မှာပါတဲ့ PrtSc Key ဟာ Print Screen ပါ…

၁။ မိမိ Monitor တွင် တင်ထားသောပုံကို လိုချင်လျှင် PrtSc Key ကို နှိပ်လိုက်ပါ…

၂။ Start>>>All Program>>>Accessories>>>Paint ကို ဖွင့်လိုက်ပါ…

၃။ Edit Menu ကို နှိပ်ပြီး Paste ပြုလုပ်ပါက မိမိ Monitor Screen ကို မြင်ရပါလိမ့်မယ်…

၎။ File>>>Save as ကို နှိပ်ပြီး Save as type မှာ JPEG နဲ့  သိမ်းပါ… Bitmap Image အနေနဲ့ သိမ်းလျှင် File Size ကြီးပါတယ်…







Monitor ပေါ်ရှိ Windows ကိုသာ လိုချင်လျှင် Alt+PrtSc ကို နှိပ်ရပါမယ်…

Paint တွင် Paste ပြုလုပ်ကြည့်ပါက Windows ကိုသာ Print ပြုလုပ်သွားပါမယ်…




ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

မမလွမ်းလဲ ရွှင်လန်းချမ်းမြေ့နေပါစေ