Saturday, September 24, 2011
Monday, September 12, 2011
++++ ဟာသတို ပေါင်းစုအတွဲ ( ၁ ) ++++
မူးနေတုန်းဆိုတော့
ပီတာလေး သစ်ပင်ကိုမှီပြီး ဆေးလိပ်သောက်နေသည်ကို ဘုန်းတော်ကြီးတစ်ပါး တွေ့သဖြင့် မေးသည်။
"ငါ့သား၊ မင်းဆေးလိပ်သောက်ဖို့ မငယ်လွန်းဘူးလား"
"'ဒါ ဘာဟုတ်သေးလဲ၊ ကျွန်တော် သုံးနှစ်သားတုန်းက ဆေးမင်ကြောင်ထိုးဖူးတယ်"
"ဟေ သုံးနှစ်သားထဲက? ဘယ်လိုဖြစ်ရတာလဲ"
"မမှတ်မိတော့ဘူး၊ မူးနေတုန်းဖြစ်သွားတာဆိုတော့"
ထူးခြားတဲ့ သား
ပီတာလေးကို ကျောင်းအပ်ပြီး တစ်လအကြာ အမေဖြစ်သူ အခြေအနေ သွားကြည့်သည်။
အောက်ဆုံးထပ်တွင် ဆိုင်းဘုတ်တပ်ထားသည်။
"အလွန်လိမ္မာသောကလေးများ"
အမေလဲ မျှော်လင့်တကြီးဖြင့် ဝင်ရှာသော် ပီတာ့ကို မတွေ့ချေ။
သို့နှင့် အပေါ်ထပ်တက်သည်။
"လိမ္မာသောကလေးများ" ဆိုင်းဘုတ်ကိုတွေ့သည်။
ဒီမှာလဲ ပီတာ့ကို မတွေ့ပေ။ ဆက်တက်သည်။
"သာမန်ကလေးများ"။ ပီတာမရှိ။ ထပ်တက်သည်။
"ဆိုးသောကလေးများ"။ ပီတာ့ကို ရှာမရ။ ဆက်သွားသည်။
"အလွန်ဆိုးသောကလေးများ"။ ဒီမှာလဲ မတွေ့သေး။
တက်စရာလဲ တစ်ထပ်ပဲကျန်တော့သည်။ သို့နှင့် ဘုရားတပြီး အပေါ်တက်ရာ အခန်းဝရှိ ဆိုင်းဘုတ်ပေါ်တွင် စာလုံးမဲကြီးများဖြင့် ရေးထားသည်မှာ...
"ပီတာ"
~~~~~~~~~~~~~~~~~~
မူကွဲ။ ။ ပီတာ့ အထပ်အပြီး နောက်တစ်ထပ်ရှိသေးသဖြင့် တက်ကြည့်ရာ "ကျောင်းအပ်ကြီးMin Nay ရုံးခန်း" ဆိုင်းဘုတ်ကို တွေ့သဖြင့် အမေလဲ ရင်အေးသွားလေသည်။ (ပီတာ့ထက်ဆိုးတဲ့သူ ရှိသေးတယ်ဆိုပြီးတော့)
ရေသောက်ချင်တယ်
ပီတာလေးကို အဖေဖြစ်သူ ညသိပ်ပြီး အခန်းသို့ပြန်သွားသည်။
ခဏကြာသော်....
"ဖေဖေ"
"ဘာလဲကွ"
"ရေငတ်တယ်၊ ရေတစ်ခွက်လောက် ခပ်ပေးပါလား"
"မင်းစောစောကတော့မပြောဘူး၊ မရဘူး၊ မီးပိတ်ပြီး အိပ်တော့"
ခဏကြာသော်
"ဖေဖေ"
"မအိပ်သေးဘူးလားကွ"
"ရေငတ်တယ်ဆို၊ ရေတစ်ခွက်လောက် ခပ်ပေးပါလား"
"မရဘူးလို့ ဘယ်နှစ်ခါပြောရမလဲ၊ နောက်တစ်ခေါက်ထပ်ပြောရင် ငါ့လက်သီးစာ မိပြီမှတ်"
ခဏကြာသော်
"ဖေဖေ၊ ကျွန်တော့်ကို လာထိုးရင် ရေတစ်ခွက်လောက်ခပ်ခဲ့ပါနော်"
အတုအတုချင်း
ပီတာလေး လေယာဉ်ရုပ် သွားဝယ်သည်။
အရုပ်ရွေးပြီးသော် ဒေါ်လာ ၁၀၀တန် အတုဖြင့် ပိုက်ဆံသွားရှင်းသည်။
ဆိုင်ရှင် ဒေါသတကြီး ပြောသည်။
"ဟေ့ကောင် မင်းပိုက်ဆံက အတုကြီးပဲ"
ပီတာပြန်ဖြေသည်။
"ခင်ဗျားလေယာဉ်ကလဲ အစစ်မဟုတ်ပါဘူး"
လှုပ်ရှားပေတော့
စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပု
ဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ် ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"
မှတ်ပုံတင်အရ
မုဆိုးကြီးဦးဖိုးထော်နဲ့တပည့်ေ အာင်ကြီးတို့ တောလိုက်ထွက်လာကြတယ်။ သြဝါဒတွေလည်းပို့ချရင်း....
"မုဆိုးတို့မည်သည် လျှင်ပြန်ဖြတ်လတ်မှု့ရှိရတယ်ကွ တပည့်ကြီးရ"
ထိုအခိုက် ခြုံအတွင်းမှရိပ်ခနဲမြင်လိုက်ရေ သာအရာကို ဦးဖိုးထော်ဖြတ်ခနဲပစ်လိုက်သည်။ လျှင်မြန်လှပါဘိတောင်း...။
"တပည့်ကြီးရေ..သွားကြည့်စမ်းကွာ ဘာကောင်ကြီးလဲလို့"
"မှတ်ပုံတင်အရတော့ တင်အောင်တဲ့ဆရာ"
တ၀မ်းပူ ရေးလုံးကြီးတင် ဆံခပ်
သူငယ်တန်း စာသင်ခန်းလေးတစ်ခုမှာပေါ့... ကလေးတစ်ယောက်ချင်း စာဆိုနေကြလေသည်။
"ညရေး လုံးကြီးတင် ညိ... ၊ ညရေး လုံးကြီးတင် ဆံခပ် ညီ..."
"ကဲအခု သမီး Myat Su က တ၀မ်းပူအကြောင်းဆိုပြရမယ်နော်.. . "
"တ၀မ်းပူရေး လုံးကြီးတင် တိ၊ တ၀မ်းပူရေးလုံးကြီးတင် ဆံခပ် .... အင်း....... ဆံခပ်......
"
Myat Su မှာ မဆိုတတ်ပဲ ရှိနေသဖြင့် ဆရာမက...
"ဒါများ သမီးရယ် မိုးရွာရင် ထွက်လာတဲ့ အကောင်ရဲ့ အမည်မျိုးထွက်ရမှာကွဲ့ "
"သိပါပြီ ဆရာမ.... ` တ၀မ်းပူ ရေးလုံးကြီးတင် ဆံခပ်....... ဖား............."
ဘာတွေလဲ
တစ်ခါက မြန်မာဟာသဆိုသော ရွာတစ်ရွာတွင် မန်ဘာရွာသားတို့ ဖဲခိုးရိုက်နေကြလေသည်။
ဒါကို သူကြီး ဦးလင်းဝေ ကြားသွားတော့ ရုတ်တရက် လာပြီးဖမ်းတာပေါ့...
သူကြီး ဦးလင်းဝေက မိတော့မေးတာပေါ့...
` ဟေ့ .. မင်းတို့ ဘာလုပ်နေကြတာလဲကွ....´
အဲဒါကို ကာလာသားခေါင်း မောင်သံခဲက ` ကျွန်တော်တို့ အုန်းထမင်းချက်စားမလို့ တိုင်ပင်နေတာပါ သူကြီး ´
ဒါနဲ့ သူကြီး ကလဲ ဖျာကို လှန်ကြည့်လိုက်တော့ ဖဲချပ်တွေ သွားတွေ့တာပေါ့...
`နင့် မေကလွှား... ဒါတွေက ဘာတွေလဲ... ကရဝေးရွက်တွေ လားကွ ဟေ...... ´
သက်သာလာပြီ
““ကိုယ့်ကိုယ်ကိုယ် ၁၄ ယောက်မြောက်ဂျော့ဘုရင်လို့ပြော တဲ့ လူနာ အခြအနေဘယ်လိုလဲဟေ့””
““နည်းနည်းသက်သာလာတယ်ထင်တယ်ဆရာ။ ဒီနေ့ သူ့ကိုယ်သူ ၁၃ ယောက်မြောက်လို့ပဲပြောတော့တယ်””
ဆက်စပ်မှု
““ဟေ့.. မင်းရဲ့နှဲကြီးကိုရောင်းလိုက် တယ်ဆို။ ဘာဖြစ်လို့လဲ””
““ အင်း... ဘေးခန်းကလူ ဟိုတလောက သေနတ်ဝယ်လိုက်တယ်ကြားလို့ပါ””
ကျေးဇူးပဲ
ကိုမြက ကပ်ရပ်ခြံမှာနေတဲ့ ကိုဘကို လှမ်းအော်ပြောလိုက်တယ်။
““ဟေ့...ကိုဘ... ခင်ဗျားခွေးက ကျုပ်ကြက်ဖကို ကိုက်စားလိုက်ပြီဗျ””
““ခင်ဗျား သတင်းပေးတာ ကျေးဇူးပဲ ကိုမြ။ ဒီကောင့်ကို ညနေစာကျွေးစရာမလိုတော့ဘူး””
အပြေးမြန်တဲ့သက်သေ
တရားသူကြီး - ““ပထမဆုံးသေနတ်သံကို ဘယ်နားလောက်က ခင်ဗျားကြားရလဲ””
သက်သေ - ““လေးမီတာအကွာကဖြစ်ပါတယ်””
တရားသူကြီး - ““ နောက်သေနတ်သံတွေကိုရော””
သက်သေ - ““အိမ်ခြေ 20 အကျော်လောက်ကျမှပါ””
နမူနာ
ဆယ်နှစ်သားကောင်လေးကို အမေလုပ်သူက ဆူပူနေတယ်။
““ဟင်.. ဘယ်လောက်ရှက်စရာကောင်းသလဲ။ အတန်းထဲမှာ ပြောဆိုဆုံးမလို့မရဆုံးကလေးဟာ မင်းပဲဆိုပြီး
ဆရာမကလာတိုင်တယ်။ မင်းအနေနဲ့ ကိုယ့်အဖေဆီက နမူနာယူသင့်တယ်””
““ဟင်.. အဖေကဆိုးလွန်းလို့ ထောင်ကျနေတယ်မဟုတ်လား””
““ဟဲ့.. သူက အခုထောင်ထဲမှာ လိမ်လိမ်မာမာနေလို့ လျှော့ရက်နဲ့လွတ်တော့မှာဟဲ့””
မသင်္ကာဘူး
““ဟေ့..တပ်ကြပ်ကြီး။ တပ်သားမောင်အေးရဲ့ ကိုယ်ရေးရာဇ၀င်မှတ်တမ်းစာအုပ်ယူ ခဲ့စမ်း””
““ကိစ္စအထွေအထူးရှိလို့လား ဗိုလ်ကြီး””
““အေး... သေနတ်ပစ်လေ့ကျင့်ပြီးတိုင်း သေနတ်ပေါ်က လက်ဗွေရာတွေပျက်အောင်
ဒီကောင် သေချာသုတ် သုတ်ပစ်တာတွေ့တယ်။ သိပ်ပြီး မသင်္ကာချင်တော့ဘူး””
အဘယ်ကြောင့်ဆိုသော်
"ငါ့ယောက်ျားက
အရက်မသောက်ဘူး ဆေးလိပ်မသောက်ဘူး မိန်းမမလိုက်စားဘူး။ အပြင်သွားရင်လဲ
ငါမပါပဲမသွားဘူး။ ငါကို လျစ်လျူရှုရမယ့် အလုပ်မျိုးဆို သူလုံးဝမလုပ်ဘူး" ဟု
မေရီက သူ့ခင်ပွန်းအကြောင်း ချီးမွမ်းခန်းဖွင့်သည်။
ထိုအခါ နားထောင်နေကြသည့် အိမ်ထောင်သည် အမျိုးသမီး အားလုံးမှာ မျက်လုံးအ၀ိုင်းသားဖြင့် မေရီကို အားကျနေကြလေသည်။
"နင် ယောက်ျားရ ကံကောင်းလိုက်တာဟယ်။ ဒါနဲ့ နင့်ရဲ့ အိမ်ထောင်ရေး လျှို့ဝှက်ချက်ကို ပြောပြလို့ မရဘူးလား" ဟု တစ်ယောက်ကမေးသည်။
"သိပ်ရတာပေါ့ ငါ့ယောက်ျားက လေဖြတ်နေတာလေ"
မြန်မာဟာသ မှ မျှဝေပေးတာနော်..ငယ်ချင်းတွေ ပျော်ရွှင်ကြပါစေ..။
♣♣♣ Gmail နောက်ခံဘလက်ဂရောင်းကို မိမိပုံတင်ချင်သောငယ်ချင်းများအတွက် ♣♣♣
gmail. နောက်ခံမှာ ကိုယ်စာတ်ပုံလေးကို ထည့်ချင်သူများ....
1...ညာဘက် အပေါ် ထောင့်က settings ကို ကလစ်ပါ...
2...Themes ကို ကလစ်ပါ...
3...ပြီးရင် အပေါ်က ပုံလို အောက် ဆုံးနား ညာဖက် က create your own theme ကို ကလစ်ပါ..
4...ပြီးရင် ပေးလာတဲ့ ၀င်းဒိုးရဲ့ ညာဘက်ဒေါင့် ( အပေါး်က ပုံလို ) က Text Link မှာ ကလစ် လုပ်ရင် မိမိစိတ်ကြိုက် ကာလာ ရွေးစရာ
နေရာ ကို တွေ့ ရပါမယ်...
5...ပြီးရင် အပေါ်ကပုံလို Aling ကတော့ Left / Right ကြိုက်တာရွေးပါ...
နောက် Tiling ကတော့ Both ရွေး ရင် ပုံ ကဘေး ဘယ် ညာ ပေါ်မယ်...
6...ပြိးရင် ပုံတင်ဖို့ Select ကို ကလစ်လုပ် ပုံရွေး ..ပြီးရင် အောက်နားက
7...Upload ပေါ့
8...ပြီးရင် body ၇ယ် Sidebar ရယ် Header ၇ယ် Footer တို့ မှာ Background color , Link color , Text color တို့ ကို
အသေးစိတ်ရွေး...လှအောင်ရွေး...
9...ပြီးရင် Save
10...မိမိပုံရြဲ့အကြီး အသေးပေါ်မူတည် ပြီး Gmail မှာ နောက်ခံလေးပေါ်နေပါမယ်..
ဧဒင်ဥယျာဉ် မှ ပြန်လည်မျှဝေပေးတာပါ
Subscribe to:
Posts (Atom)




