Blogger Widgets N g A P y I n N: ♫ ကွန်ပျူတာကို မွေးဖွားခြင်း ♫

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Saturday, September 24, 2011

♫ ကွန်ပျူတာကို မွေးဖွားခြင်း ♫

ကွန်ပျူတာဆိုသည်မှာ

ပထမဦးဆုံးသော ကွန်ပျူတာများ (computers) သည် လူသားများပင်ဖြစ်သည်။
၁၉၂၀ ခုနှစ်မတိုင်မီ က တွက်ချက်မှု (computation) များကို လုပ်ကိုင်ကြသော
စာရေးစာချီများကို တွက်ချက်သူများ (computer) များဟု ခေါ်ဆိုကြပေသည်။
မူလအစအားဖြင့် ကွန်ပျူတာ ဟူသော အသုံးအနှုန်းသည် အလုပ်၏ခေါင်းစဉ်အမည်
ပင်ဖြစ်ပြီး၊ ရေကြောင်းသွားလာမှုစာရင်းဇယားများ၊ ဒီရေ အတက်အကျနှင့်နက္ခတ်တာရာ
ပြက္ခဒိန်များအတွက် နက္ခတ်တာရာ အနေအထားများ စသည်တို့အတွက် အဖြေရလာဒ်များ
ရရှိရန်လိုအပ်သော တွက်ချက်မှုများအား လုပ်ကိုင်ဆောင်ရွက်ရသောသူများကို ဖော်ပြညွှန်းဆိုရန်
အသုံးပြုခဲ့ကြခြင်းပင် ဖြစ်သည်။
ထိုကွန်ပျူတာ အများစုသည် အတွက်အချက်ကျွမ်းကျင်သော အမျိုး သမီးများပင် ဖြစ်ကြကာ၊
ရူပဗေဒပညာရှင်၏ ဦးဆောင်မှု အောက်တွင် အလုပ်လုပ်ကြလေ့ ရှိသည်။ ထို့ပြင် ထောင်
ပေါင်းများစွာသော လူသားကွန်ပျူတာများသည် ကူးသန်း ရောင်းဝယ်ရေး၊ အုပ်ချုပ်ရေးနှင့်
သုတေသနများတွင် ပါဝင်လုပ်ဆောင်ကြပါသည်။
လူသားများအနေဖြင့် အလုပ်တစ်ခုတည်းကို မ ပြောင်းမလဲဘဲ
အချိန်တိုင်းလုပ်ဆောင်နေရလျင် ငြီးငွေ့ မှုသဘောဝင်ရောက်လာမည်ဖြစ်ကာ ချွတ်ချော်တိမ်း
စောင်းမှုများဖြစ်လာနိုင်ပြီး၊ ထိုမှတဆင့် မှားယွင်းမှုများပေါ် ပေါက်လာနိုင်သည်။
အရွှင်လန်းဆုံးနေ့မှာပင် အမြန်ဆုံး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူသားများ
နေရာတွင် ၀င်ရောက်၍တွက်ချက်မှုများ လုပ်ဆောင်နိုင် သောနည်းလမ်းကို တီထွင်သူများ
(Inventors) က နှစ် ပေါင်းများစွာ ရှာဖွေခဲ့ကြရာမှ တွက်ချက်မှုကိုလုပ်ဆောင် သောစက်
(Computing Machine) များ ပေါ်ပေါက်လာ သည်။သို့ဖြင့် ကွန်ပျူတာဟူသော
အမည်နာမဘွဲ့ကို ယခင်လူသားများထံမှ တွက်ချက်မှုစက်များထံသို့
လွှဲပြောင်းပေးအပ်ခဲ့ရာမှစ၍ စက်မှုကွန်ပျူတာ (Mechanical Computer)၊ ထို့နောက်
အီလက်ထရောနစ်ကွန်ပျူတာ (Electronic Computer) ဟု ပေါ်ထွန်းလာခဲ့သည်။

တွက်ချက်မှုများ၏ အစမူလ

ဂဏာန်းသင်္ချာဆိုင်ရာ တွက်ချက်မှုအတွက် အထောက်အကူပြုသော
ပထမဦးဆုံးစက်ပစ္စည်းမှာ အဘာ ကပ်စ် (abacus) ပင်ဖြစ်သည်။ ၄င်းသည်တွက်ချက်မှုကို
လုပ်ဆောင်နေသော လူသား၏မှတ်ဉာဏ်ကို အထောက် အကူပြုပေးသည်။ ဘီစီ (၃၀၀)
ကတည်းက ဘေဘီလွန် လူမျိုးများအသုံးပြုခဲ့သော `abacus´ ကို ယနေ့ထိတိုင်
အသုံးပြုနေကြဆဲဖြစ်ရာ အထူးသဖြင့် ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင်
အသုံးပြုနေကြဆဲပင်ဖြစ်သည်။ ရှေးခေတ် အဘာကပ်စ်သည် ကျောက်စရစ်ခဲများကို
ရေတွက်မှု အဖြစ် အသုံးပြုခဲ့သည့် အချိန်မှစတင်ခဲ့ခြင်းပင်ဖြစ်ပြီး၊ ယနေ့ခေတ်မီ အဘာကပ်စ်
(modem abacus) များတွင် တုတ်ချောင်းများပေါ်၌ ရွေ့လျားနိုင်သော ကွင်းများပါရှိ
လာပါသည်။ ၁၆၁၇ ခုနှစ်တွင် စကော့လူမျိုး ဂျွန်နပ်ပီယာ (John Napier) သည်
အပေါင်းမှတဆင့်ဆပွားလုပ်ဆောင် သော မြှောက်ခြင်းနည်းပညာဖြစ်သည့် လော့ဂရမ်သမ်
(Logarithms) ကို တီထွင်ခဲ့သည်။ ဂျွန်နပ်ပီယာ တီထွင် လိုက်သော
လော့ဂရမ်သမ်ဇယားသည် ဆင်စွယ်ချောင်း များပေါ်တွင် လော့ဂရမ်သမ်တန်ဖိုးများကို
ထွင်ထားခြင်း ဖြစ်ပြီး၊ ၄င်းကို ယနေ့တွင် 'Napier's Bones' ဟု ခေါ်ဆိုကြ ပါသည်။
နပ်ပီယာလော့ ဂရမ်သမ်မှတဆင့် တိုင်းတာ သည့် ကရိယာ (Slide rule) ပေါ်ထွက်လာသည်။
၁၆၃၂ ခုနှစ်တွင် ပထမဦးဆုံးသော Slide rule ကို အင်္ဂလန်တွင် ထုတ်လုပ်ခဲ့ပြီး၊ လပေါ်သို့
လူသားဆင်းသက်ခဲ့သည့် အပိုလိုခရီးစဉ်မှာ Slide rule ကို အသုံးပြုခဲ့ကြပါသည်။
ပထမဦးဆုံး ဂီယာဖြင့်မောင်းနှင်သော တွက် ချက်မှုစက်ကို ဂျာမန်သိပ္ပံပညာရှင် Wilhelm
Schikard က ၁၆၂၃ ခုနှစ်တွင် တီထွင်ခဲ့သည်။ ၄င်းစက်သည် လော့ ဂရမ်သမ်အကူအညီဖြင့်
ပေါင်း၊ နုတ်၊ မြှောက်၊ စား ပြု လုပ်နိုင်သော်လည်း ၄င်းသိပ္ပံပညာရှင်ကွယ်လွန်သွား သဖြင့်
သူ့၏တီထွင်မှုကို လူသိမများခဲ့ပါ။
၁၆၄၂ ခုနှစ်တွင် အသက် (၁၉) နှစ်သာရှိသည့် ဘလိစ်ပါစကယ် (Blaise pascal) သည်
အခွန်ကောက်ခံ သူအဖေကို ကူညီရန် ရည်ရွယ်ချက်ဖြင့် ဂီယာဖြင့်မောင်း
နှင်ရန်တွက်ချက်သော ဂဏာန်းတွက်စက် (pascaline) ကို တီထွင်နိုင်ခဲ့ပြီး၊ စက်ပေါင်းအလုံး
(၅၀) ကျော်ကို တည်ဆောက်နိုင်ခဲ့သည်။ ကျယ်ပြန့်မှုတော့မရှိခဲ့ပါ။ ယနေ့
မော်တော်ကားများ၏ ခရီးသွားနှုန်းပြဒိုင်ခွက်မီတာများ သည် pascaline
ဂဏာန်းတွက်စက်၏လုပ်ဆောင်မှုကို အသုံးပြုထားခြင်းပင်ဖြစ်သည်။
ပါစကယ်တီထွင်ခဲ့သော စက်ပေါ်မူတည်၍ လုပ်ဆောင်မှုလေးမျိုး(ပေါင်းခြင်း၊ နုတ်ခြင်း၊
မြှောက်ခြင်း နှင့် စားခြင်း)တို့ကို လုပ်ဆောင်နိုင်သော တွက်ချက်မှု ကရိယာ 'Stepped
reckoner' ကို ဂျာမန်သင်္ချာပညာရှင် Gottfried Leibring က ထပ်မံဒီဇိုင်းထွင်ခဲ့ပါသည်။
Stepped reckoner သည် ဒသမကိန်းစနစ်ကို လုပ် ဆောင်ထားသောကြောင့် Leibrig ကို
ခေတ်သစ်ကွန်ပျူ တာ၏ အခြေခံစနစ်ဖြစ်သော ဒွိစုံဂဏာန်းစနစ် အသုံးပြုမှု ၏ ရှေ့ပြေးအဖြစ်
မှတ်ယူကြသည်။

မန်မိုရီနှင့် စီပီယူတို့၏ရှေ့ပြေး

 ပြင်သစ်လူမျိုး ဂျိုဆက်မာရီဂျာကွဒ်သည်  တွက်ချက်မှု၏ အထူးလုပ်ဆောင်ချက်
တစ်ခုဖြစ်သော အပေါက် ဖောက်ထားသည့်ကဒ် (Punches card) ကိုဖော်ထုတ်ခဲ့ သည်။
၎င်း punched card ကို ယက်ကန်းစင်တွင် အ၀တ် အထည်ယက်လုပ်မှု
ဒီဇိုင်းဆင်ရာ၌ အသုံးပြုခဲ့သည်။ ဂျာကွဒ်၏နည်းပညာသည် စက်ရုံပိုင်ရှင်များ အတွက်များစွာ  
အဆင်ပြေစေသော်လည်း၊ယက်ကန်းယက်သမား များအတွကအလုပ်ရှားပါးမှု
ဖြစ်ပေါ်စေခဲ့ကာ၊ ဂျာကွဒ်၏ punched card တပ်ဆင်ထားသော
ယက်ကန်းစင်များ သည် အလုပ်သမားများ၏ ဒေါသအမျက်အောက်တွင် ပျက်စီးခဲ့ရသည်။
အစောဆုံးစက်မှုကွန်ပျူတာ (early mechanical computer) ဖြစ်သော ' Difference
Engine' ကို အင်္ဂ လိပ်လူမျိုးသင်္ချာပညာရှင် ချားလ်ဘက်ဘေ့ခ်ျ (Charles Babbage) က
၁၈၂၂ ခုနှစ်တွင် ဒီဇိုင်းဆင်ဖော်ထုတ်ခဲ့ သည်။ ၄င်းအင်ဂျင်သည်သင်္ချာဆိုင်ရာ ပြဿနာများကို
ဖြေရှင်းနိုင်သော ဒဿမကိန်း (၂၀) အထိပါဝင်သည့်
တွက်ချက်မှုစက်အဖြစ်ရည်ရွယ်ထားသော ကွန်ပျူတာပင် ဖြစ်ပြီး၊
အစိုးရ၏ထောက်ပံ့မှု ကိုရရှိခဲ့သော်လည်း အောင်မြင်စွာဖြင့် အကောင်အထည်
မဖော်ဆောင်နိုင်ခဲ့ပါ။
လွယ် လွယ်ဖြင့် လက်မလျော့တတ်သော ဘက်ဘေ့ဂ်ျသည် 'Analytical Engine' ဟု
ခေါ်ဆိုသော နောက်ထပ်စက်တစ် မျိုးကို ထပ်မံကြိုးစားခဲ့ပါသည်။ ဂျာကွန်၏ အပေါက်
ဖောက်ထားသည့်ကဒ်နည်းပညာ (punched card technology) ပေါ်မူတည်၍
အစီအစဉ်ရေးဆွဲနည်းများလုပ် ဆောင်နိုင်သောကြောင့် ဘက်ဘေ့ခ်ျ၏ 'Analytical Engine'
သည် တွက်ချက်မှုကို စွမ်းအားပြည့်လုပ်ဆောင် နိုင်သောစက်အဖြစ်
ဒီဇိုင်းပေါ်ထွက်လာပါသည်။ ထို့ပြင် ဘက်ကေ့ခ်ျသည် အပေါက်ဖောက်ထားသည့် စက္ကူကဒ်
ပြားအား ညွှန်ကြားချက်အစီအစဉ်များ သိုလှောင်ထားနိုင် သည့် စက်ကိရိယာ (storage
mechanism) အဖြစ်အသုံး ပြုနိုင်ကြောင်းကို သိမြင်ခဲ့သည်။ ၄င်း Analgtical Engine
အဓိကအစိတ်အပိုင်းနှစ်ခုကို ယက်ကန်းစက်ရုံများ၏ အသုံးအနှုန်းများဖြစ်သော 'store' နှင့်
'Mill' ဟု ဘက် ဘေ့ခ်ျက ခေါ်ဆိုခဲ့သည်။ Store သည် ကိန်းဂဏန်းများ ကို
သိမ်းဆည်းထားသောနေရာပင် ဖြစ်ပြီး၊ Mill သည် ရလာဒ်အသစ်တစ်ခုကို
ယက်လုပ်ပေးသော နေရာပင် ဖြစ်ပေသည်။ ယနေ့ခေတ်သစ် ကွန်ပျူတာများတွင်
အလားတူအစိတ် အပိုင်းများကို ခေါ်ဆိုကြရာတွင် 'store' ကို မန်မိုရီယူနစ် (Memory Unit)
ဟု ခေါ်ဆိုကြပြီး၊ Mill ကိုမူ စီပီယူ (central processing Unit- CPU) ဟု ခေါ်ဆို ကြပါသည်။

ပထမဦးဆုံးပရိုဂရမ်မာနှင့် Read/write နည်းပညာ

ဘက်ဘေ့ခ်ျ၏ မိတ်ဆွေလည်းဖြစ်၊ တပည့် လည်းဖြစ်သူ သြဂတ်စ်ကအေးဒဘိုင်ရွန် (Augusta
Ada Byron) သည် ထင်ရှားသောကဗျာဆရာကြီးလော့ဒ်ဘိုင် ရွန်၏ သမီးဖြစ်ပြီး၊ ထိုအချိန်က
အနည်းငယ်သော သင်္ချာ ပညာရှင်အမျိုးသမီးများအနက် တစ်ဦးပင်ဖြစ်သည်။ သူမ သည်
ဘက်ဘေ့ခ်ျ၏အိုင်ဒီယာ အယူအဆများကို အထူး နှစ်သက်သဘောကျပြီး၊ ဘက်ဘေ့ခ်ျ၏
Analytical Engine ဒီဇိုင်းပုံစံအကြောင်းသေသေချာချာ လေ့လာကာ၊ ထို စက်အတွက်
ပိုမိုကောင်းမွန်သော အစီအစဉ် လုပ်ဆောင် ချက်များ (programs) ကို ထပ်မံတိုးချဲ့မှုများ
ပြုလုပ်နိုင်ခဲ့ သည်။ ဘက်ဘေ့ခ်ျသည် ၄င်း၏အသိပညာများကို ရေး သားထုတ်ဝေမှု
မပြုလုပ်ခဲ့ပါ။ သို့သော် အေဒ(Ada)သည် Analytial Engine အတွက်သူမ၏
ပြင်ဆင်လုပ်ဆောင် ထားသော ညွှန်ကြားချက်အစီအစဉ် (sequences of instructions)
များ၏မှတ်စုကို အသေးစိတ် ရေးသား ထုတ်ဝေခဲ့သဖြင့် သူမအား ပထမဦးဆုံး သော
ကွန်ပျူတာပရိုဂရမ်မာ (First computer programmer) အဖြစ် ကွန်ပျူတာ သမိုင်းတွင်
ထင်ရှားစေခဲ့ပါသည်။
ဂျာကွဒ်၏ ယက်ကန်း နည်း ပညာကဲ့သို့ပင် အမေရိကန်တီထွင်မှု ပညာရှင် ဟာမန်ဟိုလာရိသ်
(Herman Hollerith)သည် အပေါက်ဖောက်ထား သည့် ကဒ်နှင့်ကဒ်ကို ဖတ်ရှုနိုင်သည့်
ပစ္စည်းတို့ တွဲစပ်အသုံးပြုနိုင်သည့် အိုင် ဒီယာကို အသုံးပြုနိုင်ခဲ့သည်။
သို့ဖြင့် အို လာရိသ်သည် 'Hollerith desk' ကို တီထွင်နိုင်ခဲ့သည်။
၎င်းစက်တွင် ကဒ်ပြားရှိ အပေါက်များကို သိရှိဖတ်ရှုနိုင် သော 'Card Reader'
ပါရှိပြီး ၄င်းသည်ရေတွက်မှုကို ပြု လုပ်နိုင်သော ဂီယာဖြင့် မောင်းနှင်သည့် စက်ယန္တယားပင်
ဖြစ်ပေသည်။ ထို့ပြင် ရေတွက်မှု၏ ရလာဒ်အဖြေကို ပြသနိုင်သော ရွေ့လျားနိုင်သည့်
လက်တံဒိုင်ခွက်များ လည်း ပါဝင်သည်။ အိုလာရိသ်သည် အပေါက်ဖောက်
ထားသော ကဒ်ပြား (punched card)အား ယနေ့ခေါ်ဆို နေသော
Read/write နည်းပညာအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်းကို ထိုးထွင်းသိမြင်နိုင်ခဲ့သူ
တစ်ဦးပင် ဖြစ်ပေ သည်။
ဟိုလာရိသ်၏ တွက်ချက်မှုစက်ဖြစ်သော Hollerith desk သည် ၁၈၉၀ ခုနှစ်
အမေရိကန်သန်းခေါင် စာရင်းကောက်ယူ တွက်ချက်မှုကို
အောင်မြင်စွာ လုပ် ဆောင်ပေးနိုင်ခဲ့ကာ၊ လက်ဖြင့် ရေတွက်၍ ကြာမည့် အချိန်ကို များစွာတို
တောင်းသွားစေနိုင်ခဲ့သည်။ ဟို လာရိသ်သည် Tabulating Machine Company ကို ထူ
ထောင်ခဲ့ပြီးနောက် မကြာမီကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းကာ Computing-Tabulating
Recording
ကုမ္ပဏီအဖြစ် ပြန် လည်ဖွဲ့စည်းခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဟိုလာ ရိသ်သည်
၎င်း၏ကုမ္ပဏီအမည်ကို
IBM-International Business Machine အဖြစ်ပြောင်းလဲခဲ့ပါသည်။

 မှတ်ချက် - ဖော်ဝတ်မေလ်းမှဖတ်ဖူးတာလေး ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

No comments: