Blogger Widgets N g A P y I n N: ရောက်ခဲ့ပြီဟေ့ မလေးကွ

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Saturday, January 1, 2011

ရောက်ခဲ့ပြီဟေ့ မလေးကွ

တိုင်းတစ်ပါးမြေဆီငါရောက်ခဲ့ပြီ


ရောက်တာကြာလည်းဒုံးရင်းပဲတဲ့


ဖ(၃)ကိုရှောင်ရွှေညီနှောင်


ရောက်လာမကြာကြိုးစားငွေစု


နေ့တိုင်းကြက်ဥပြုတ်ကြော်လုပ်ရင်း


လွေးနေရတာ မလေးရှားပါ..။


အေးဂျင့်ငေါက်စားပေးပါများတော့


လစာကနည်းသဌေးကဆဲရင်း


နေ့စဉ်လတိုင်းကြားနေရတာ


ကျိပတ်ကျိပတ် (မြန်မြန်) ပါ.....။


ကြိုရောက်လေသူလေးစားသော်ညှား


သောက်သားပျော်ပါးအမူးသမားများ


ချိုးချံချွေတာငွေကိုစုထား


ယဉ်ယဉ်လေးများရူးနေသလား


ပေါင်းကြည့်တော့မှဖွန်ကြောင်သမား


ဖုန်းဆက်မိကြောင့်ကုန်ပြောင်သွား


သေချားစဉ်စားဘဝပျက်သွား


ရောက်ခဲ့ပြီဟေ့....မလေးရှား.။

နောင်ငဲလေး
၉.၄.၀၆

1 comment:

Unknown said...

တကယ်ဘဲလားးးးးးးးးးးးးးး