Blogger Widgets N g A P y I n N: ♠ နောက်လိုက်ကောင်းဆိုသည်မှာ ♠

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Monday, November 7, 2011

♠ နောက်လိုက်ကောင်းဆိုသည်မှာ ♠




" ခေါင်းဆောင်ကောင်းပြီ နောက်လိုက်မကောင်းရင်၊ နောက်လိုက်ကောင်းပြီ ခေါင်းဆောင် မကောင်းရင် မအောင်မြင်နိုင်ဘူး "လို့ မော်စီတုံးပြောခဲ့ဖူးပါသည်။ ထိုစကားသည် အတိုင်း အတာ တစ်ခုထိပဲ မှန်ပါသည်။ ခေါင်းဆောင်ကောင်း၍ အောင်မြင်ခဲ့ကြသလို နောက်လိုက် ကောင်း၍လည်း အောင်မြင်ခဲ့သည့် သာဓကများ များစွာရှိပါသည်။ ဥပမာပြရသော် အာရပ် - အစ္စရေး ၄ ကြိမ်မြောက်စစ်ပွဲတွင် ဖြစ်သည်။ ထိုစစ်ပွဲသည် ၆ ရက် အောက်တိုဘာလ ၁၉၇၃ ခုနှစ် နေ့လည် ၁ နာရီတွင် စစ်တင်သည်။ ၁၄ ရက်ကျော် ကြာမြင့်ခဲ့သည်။ ထိုစစ်ပွဲစသည့်နေ့ တွင် အစ္စရေး တစ်နိုင်ငံလုံး ဘာသာရေးအထူးနေ့ ဖြစ်သည့်အတွက် လက်နက်များ ဖြုတ်ဆေးခြင်း၊ စစ်သားများ မိဘရပ်ထံပြန်ကြခြင်း အစရှိသည့် ပျော်ပွဲရွှင်ပွဲ ဘာသာပွဲပြုလုပ်နေချိန် လည်းဖြစ်သည်။ ဆီနိုင်နယ်မြေအတွင်းရှိ နာမည်ကျော် ဘာလဖ်ခံတပ်တွင် တင့်ကား အစီး ၁၀၀ နှင့် စစ်သည် ၇၀၀ ကျော်သာ တပ်စွဲထားစေ၍ ကျန်တပ်များအားလုံးကို အနားပေး ထားသည့်အချိန်ဖြစ်သည်။ ထိုနေ့ နေ့လည် ၁ နာရီတွင် စစ်ကြေငြာခြင်းမရှိဘဲ အီဂျစ် စစ်သည် ၁ သိန်းကျော်၊ တင့်ကား ၁၀၀၀ ကျော်၊ လေယာဉ် အစီး ၃၀၀ ကျော်နှင့် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်လိုက် သည်။ မြှောက်ကြီးများအကူအညီ၊ ဆိုဗီယက်တို့၏ နည်းပညာဖြင့် နံမည်ကျော် ဘားလဖ် ခံတပ်ကို  တဟုန်ထိုးဝင်ရောက်တိုက်ခိုက်သည်။ ထိုအချိန်တွင် အစ္စရေး ရှေ့ တန်း ကာကွယ်ရေး တပ်မှ နောက်တန်းကို စစ်ကူတောင်းပါသည်။ နောက်တန်းမှလာသော စကားမှာ 




ဒီနေ့တစ်နေ့လုံး စစ်ကူမရနိုင်ပါ ရဲဘော်တို့ ခံနိုင်သလောက် ခုခံကြပါ၊ မခံနိုင်ပါ၍ နောက်ဆုတ်ပေးလိုက်ပါက နောက်ဆုတ် ပေးလိုက်သည့် အတွက် မည်သူမှ သင်တို့ကို အပြစ်မတင်ပါ
ဟု အမိန့်ရလေသည်။ သို့သော် ရှေ့ တန်း စစ်မျက်နှာပြင်ရှိ ရဲဘော်များ နောက်မဆုတ်ပဲ အသေခံတိုက်ကြသည် ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ နောက်ဆုတ်လိုက်လျှင် သူတို့ နိုင်ငံကို အာရပ်တွေ၏ ၀ိုင်းတိုက်ခြင်း ခံရမည် ထိုအခါကြလျှင် သူတို့၏ မိသားစုဝင်များ သေကြေပျက်စီးကြမည် ဖြစ်သည်။ သို့အတွက်ကြောင့် နောက်ဆုတ်ခွင့်ပြုသော်လည်း နောက်မဆုတ်ပဲ အသေခံ တိုက်ခိုက်ကြသည်။ လေးစားဖွယ်ကောင်းသော စိတ်ဓါတ်ပင်ဖြစ်သည်။ ထိုထဲတွင်မှ စစ်စတင်ခြင်း လေကြောင်းမှ ဗုံးကြဲခြင်း၊ အမြှောက်ကြီးများ၏ အပြစ်ခံရခြင်း၊ မိမိထက်အင်အားကြီးသော တင့်ကားများ၏ တိုက်ခိုက်ခံရခြင်းတို့ကြောင့် ထို့နေ့ ညနေ ၄ နာရီလောက်တွင် အစ္စရေးတင့်ကား အစီး ၉၀ ပျက်စီး၍ တင့်ကား တပ်မမှူးမှာ စစ်ပွဲတွင် ကျဆုံးသွားသည်။ ကျန်ရှိသော အရာရှိမှာ ဗိုလ်ကြီးတစ်ဦးနှင့် တင့်ကား ၁၀ စီးသာ ကျန်တော့သည်။ ရန်သူ၏ ဒီလှိုင်းလို တက်လာသော စစ်ဦးကို ရိုက်ချိုးရန်အတွက် တင့်ကား ၅ စီးကို သံကန္တာရထဲသို့ မောင်းသွားခဲ့သည်။ သဲတောင်ကုန်းများအကူအညီဖြင့် ပုန်းရန် ရွှေ့ ထားလိုက်သည်။ ကျန် ၅ စီးကို ရန်သူတင့်ကား ၁၀၀၀ ရှိရာသို့ ဦးတည်၍ မောင်းခိုင်းလိုက်သည် ရန်သူတင့်ကားများနှင့်တွေ့ သည့်အခါ ထိုတင့်ကား ၅စီးသည် ၅ နေရာခွဲ၍ နောက်ပြန်ပြေးတော့သည်၊ ထိုသို့ပြန်ပြေးသည်ကိုတွေ့ သဖြင့် အီဂျစ်တင့်ကား တပ်မကြီးသည် တင့်ကား ၅ စီးနောက်သို့ ခွဲ၍လိုက်ကြတော့သည်။ တင့်ကားတွင် ရှိသော အင်ဂျင်၏ ပါဝါအားမတူညီမှုကြောင့် လိုက်သောတင့်ကားများသည် အတန်းလိုက်ကြီး ဖြစ်သွားသည် ပုန်းနေသောတင့်ကားများနေရာရောက်မှ လိုက်လာသောတင့်ကား၏ နောက်က ဒုတိယ တင့်ကားကို ပုန်းနေသောတင့်ကားက လှန်းပြစ်သည် ရှေ့ ကတင့်ကား ကို မောင်းပြေးနေသောတင့်ကားမှ ပြန်လှည့်ပစ်လိုက်သည် တပြိုက်နက်နီးပါး ပြစ်လိုက်သည့်အတွက် တင့်ကား ၂ စီး တခါးထည်းပျက်စီးသွားသည် နောက်ကလိုက်လာ သောတင့်ကားများက မိမိတို့ဘက်ကတင့်ကား မည်သို့ထိသွားကြောင်း မသိလိုက်ချိန်မှာ ပင် နောက်ထပ် တင့်ကား ၂ စီးကို ထပ်ပစ်ချခံလိုက်ရသည်။ ရန်သူအာရပ်များသည် တစ်ပြိုင်နက် တင့်ကား ၄ စီး ပျက်စီးသွားသောကြောင့် ရန်သူအစ္စရေး စစ်ကူတင့်ကားများ ရောက်လာပြီ ထင်မှတ်၍ ပြန်ထွက်ပြေးကြသည်။ ထိုသို့ပြန်ပြေရာတွင် မိမိတင့်ကားများ သဲကန္တာရတွင် ရှုပ်ယှက်ခက်ကုန်တော့သည် အစ္စရေးတင့်ကားများမှ တစ်စီးခြင်း စိတ်ကြိုက်လိုက်ပစ်နေသဖြင့် စစ်သားများ တင့်ကားများရပ်ကာ ခုန်ချထွက်ပြေးကြရ သည်။ ထိုနေ့မှာပင် ဆီးနိုင်စစ်မျက်နှာပြင်တွင် မည်သူက လိုက်၍ မည်သူက ပြေးသည်ကိုပင် မှန်းလို့မရတော့အောင် အခြေအနေများ ရှုပ်ယှက်ခက်ကုန်တော့သည်။ ထိုစစ်ပွဲတွင် ခေါင်းဆောင်ကောင်းဖို့ နေနေသာသာ စစ်စတင်ခြင်း ခေါင်းဆောင်ကျသွား ခဲ့သည်။ ခေါင်းဆောင်ကျသော်လည်း နောက်လိုက်များက စိတ်ဓါတ်မကျပဲ မိမိထက် အင်အားအစမတန်းကြီးသော ရန်သူကို ကောင်းစွာတုန့် ပြန်နိုင်ခဲ့သည်။ ထိုလုပ်ရပ် ကြောင့် အီဂျစ်တို့၏ စစ်ဦးရပ်တန့်သွားသည်။ နောက်ရက်တွင်မှ ရောက်ရှိလာသော စစ်ကူများ၏ အကူအညီဖြင့် ပြန်၍ထိုးစစ်ဆင်နိုင်တော့သည်။ ထိုရန်သူစွန့်ပြစ်သွားသော တင့်ကားများဖြင့် ရန်သူနယ်မြေထဲသို့ ချီတက်နိုင်ခဲ့သည်။

ထိုစစ်ပွဲတွင် ခေါင်းဆောင် ၏ကွက်ကဲမှုကောင်းသောကြောင့်မဟုတ်ပဲ အားလုံး၏ အသေခံစိတ်၊ အရှုံးမပေတဲ့ စိတ်ကြောင့်အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။



ခေါင်းဆောင် ကောင်းခြင်း၊ မကောင်းခြင်း၊ နောက်လိုက်ကောင်းခြင်း၊ မကောင်းခြင်းထက် အားလုံး တက်တက်ကြွကြွ ဆောင်ရွက် တတ်သည့် ရဲဘော်ရဲဘက် ညီအကိုမောင်နှမ စိတ်ထား ရှိသူများနှင့်သာ လုပ်ကိုင်ရပါက ခေါင်းဆောင် မကောင်းလည်း အောင်မြင် နိုင် သည်၊ နောက်လိုက်မကောင်းလည်း အောင်မြင်နိုင်ပါသည်။ လူသာ ပဓာန၊ လူသာ အဓိက ဖြစ်ပါတော့သည်။


အမှတ်ရဖူးတဲ့ ဖော်လ်ဝက်မေလ်း မှ ပြန်လည်မျှဝေပါသည် :P

No comments: