Blogger Widgets N g A P y I n N: @@ ခင်ပွန်းကြီး ( ၁၀ ) ပါး @@

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Saturday, September 24, 2011

@@ ခင်ပွန်းကြီး ( ၁၀ ) ပါး @@



ခင်ပွန်းကြီး ( ၁၀ ) ပါး ဆိုသည်မှာ..

၁။ ဗုဒ္ဓရှင်တော်မြတ်ဘုရား

၂။ ပစ္စေကဗုဒ္ဓ

၃။ ရဟန္တာ

၎။ လက်ျာရံ - လက်ဝဲရံ အဂ္ဂသာဝကကြီးများ

၅။ အမိ

၆။ အဖ

၇။ လေးစားထိုက်သော ပုဂ္ဂိုလ်

၈။ မိမိအား သင်ပြဆုံးမဘူးသော ဆရာသမားများ

၉။ အလှူဒါန သီတင်းသီလနှင့် မွှေ့လျှော်သူ

၁၀။ အသိဉာဏ် ရှင်းလင်းအောင်ဟောပြောတတ်သူများ

စသည်တို့ဖြစ်ကြသည်။ {mospagebreak}

ထိုပူဇော်ထိုက်သော ခင်ပွန်းကြီး ( ၁၀ ) ပါးကို ကာယကံ ၀စီကံ မနောကံ

တို့ဖြင့် ပြစ်မှားကျူးလွန်မိသူတို့သည် အောက်ပါအပြစ်များကို နောက်ဘ၀တွင်သာမက
ယခုမျက်မှောက်ဘ၀မှာတောင်အကြွေးမထားပဲ လက်ငင်း ဒုက္ခအကျိုးပေးတယ်လို့ ကြားဖူးပါတယ်..

ခင်ပွန်းကြီး ( ၁၀ ) ပါးကို ပြစ်မှားကျူးလွန်မိပါက...

၁။ ဆင်းရဲဝေဒနာ ပြင်းပြစွာ ခံစားရတတ်ခြင်း..

၂။ ပစ္စည်းဥစ္စာဓန ကုန်ခမ်း ပျက်စီးတတ်ခြင်း....

၃။ ခန္ဓာပျက်ပြုန်းပြီး အသက်သေဆုံးရတတ်ခြင်း...

၎။ မိမိကိုယ်မှာ နူနာရောဂါ  စွဲကပ်တတ်ခြင်း....

၅။ စိတ်ဖောက်ပြန် ရူးသွတ်တတ်ခြင်း..

၆။ အစိုးရတို့ မကျေနပ်မှုကြောင့် ရာထူးကျခြင်း.. မင်းဘေး-မင်းဒဏ်တွေ ကျခံရတတ်ခြင်း...

၇။ သူတစ်ပါး၏ မတရားစွပ်စွဲခြင်းကိုခံရတတ်ခြင်း..

၈။ စည်းစိမ်သော်လည်း ပြုန်းတီး ပျက်စီးရခြင်း...

၉။ မိမိဆွေမျိုးသားချင်းသော်လည်း ပျက်စီးရခြင်း...

၁၀။ မိမိနေအိမ်ကို မီးလောင်ခံရတတ်ခြင်း...

သေလွန်သည့်အခါ အပ္ပါယ်လေးဘုံသို့ ကျရောက်စေပါသည်။

အထူးသတိထား ဆင်ခြင့်သင့်ပေသည်.. အနေအထိုင်အပြောအဆို တစ်ချက်မှားလိုက်သည်နှင့် ရလာမည့်အကျိုးဆက်က အလွန်ထိတ်လန့်စရာပါလား..ငယ်ချင်းတို့လဲ သတိထားကြတော့ေိခိ  ဖတ်ဖူးတာလေးမျှဝေတာပါ.။

1 comment:

စံပယ်ချို said...

ဝင်ရောက်ဖတ်ခဲ့ပါတယ်