Blogger Widgets N g A P y I n N: ♥♥♥ မွေးနေ့အမှတ်ရ ကဗျာများ ♥♥♥

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Wednesday, August 10, 2011

♥♥♥ မွေးနေ့အမှတ်ရ ကဗျာများ ♥♥♥




နန်းခမ်း (ခ) မွေးစားမေမေ ၏ အမှတ်တရစကား
You are alway my Friend.

When I'm alone or with people.

If I talk to you to day or years

" You are alway my Friend"

and through the years

We well change, but it doesn't metter what we do

Through out our lifetime.

You are alway my friend.

I'm smiling because you're my sweet friend.

Happy Birthday too u.

How old are you now?

မွေးနေ.အတွက်အကြိုပို.ပေးထားတာပါ

ဒို.အလုပ်တွေရှုပ်နေမယ်ဆိုတာသိနေလို.ပါ

ကြိုပို.ထားတော.ပထမပေါ.ဟုတ်ဝူးလား

မာမားဆိုတော.တာတားကိုအရင်ကြိုပို.ထားရတယ်

မာမားစာတွေမဖတ်ရင်ဒုက္ခ

မွေးနေ.မှနှစ်ပေါင်းမြောက်မြားစွာကျမ္မာ.ချမ်းသာ.လိုအင်ဆန္ဒပြည်.၀ပါစေတော်.....
အာဘွာာာာာာာာား

********************************

နန်းခမ်းဖြူ (တောင်ကြီး)၏ မွေးနေ့အမှတ်တရကဗျာ
ဟာ....!!!!!!!

ပြောရင်းဆိုရင်းပါပဲ

တစ်ချက်ချက်သွားနေတဲ့

လက်တံနောက်သိသလို

မသိသလိုလိုက်ပါရင်း

တိုင်တစ်တိုင်စီ

ရောက်လာပြန်ပြီပေါ့

နားချိန်မပေးဘူးတဲ့လေ

အော်လိုက် . . . ငေါက်လိုက်
ကြိမ်းလိုက် . . . . မောင်းလိုက်

အပျော့ဆွဲနဲ့ . . . . . . ချော့လိုက်

မာယာသံနဲ့မြှူဆွယ်လိုက်

အလှတရားတွေ

လှစ်ပြပြီး

ညှို့ယူသိမ်းပိုက်လိုက်

အထူးထူးသောအကန့်တွေရဲ့

အရေးပါမှုခေါင်းစဉ်တွေအောက်မှာ

အသားမာတက်လာတဲ့ခြေဖ၀ါး

လက်ဖ၀ါးတွေကျွဲပုခုံးထ

တစ်ကိုယ်ရည်

ဘ၀လမ်းမှာ

အားပေးနှစ်သိမ့်သံတွေ

စိုးရိမ်တကြီးမှာကြားသံတွေ

ကျန်းမာစေကြောင်းဆုတောင်းသံတွေ

ဒီအသံတွေဟာအဝေးကြီးကမဟုတ်ဘူး

င့ါဘယ်ညာပုခုံးထက်မှာထမ်းပိုးထားတဲ့အသံတွေ

အဲဒီ့အသံတွေရဲ့အစက လွန်ခဲ့သော . . . . . . . . ဒီ နေ့ကပေါ့

ကာလရေကြည်မှစသေမင်းနှုတ်ခမ်းဝလျှောက်ရင်း

အမြဲတိုးလာတဲ့နို့ရည်ဖိုး . . . ကစီဖိုး . . .

တန်ဘိုးပေါင်းများစွာရင်မှာမှတ်

ဦးထိပ်ပန်ဆင်ရင်း

နောက်ထပ်

ဘယ်နှစ်မိုင်တိုင်

ကျန်သေးလဲဆိုတာ

ငါသိစရာမလိုဘူးလေ

မနက်ဖြန်ဆိုတဲ့

မျှော်

လင့်

ချက်

နောက်လိုက်ရင်း

ကြွေးဟောင်းတွေဆပ်ရင်း

ပုခုံးနှစ်ဘက်ပေါ်မှာထာဝရထမ်းပိုးရင်း

မဆုံး

မချင်း

လျှောက်မယ်

ကျော်ဖြတ်လာတဲ့လမ်းတစ်လျှောက်

အိတ်ဆန့်သလောက်ကောက်သိမ်းလာတဲ့

အဖြည့်ခံသုညတွေဟာပြည့်သွားတယ် မရှိ

ကောက်လို့မကုန်နိုင်အောင်ကိုပဲ

ဒါပေမယ့်

နောက်

ထပ်

သုညတွေ

တစ်ဖြည်းဖြည်း

ရှားပါးလာတယ်

ကွက်လပ်တွေနောက်

လိုက်ရဖန်များတော့

ငါကိုယ်တိုင်

သုည

ဖြစ်မှန်း

မသိဖြစ်လာတယ်

တစ်ခါတစ်လေပီတိ

တစ်ခါတစ်ရံတော့လည်း

မချိမဆန့်

အားတင်းပြုံး

ရောင်စုံ

စုတ်

ချက်

တွေကြား

ဒဏ်ရာတွေ

ဆေး

သား

ထုပ်ပိုးရင်း

သုညနဲ့ငါနဲ့

အပြန်အလှန်ဖေးကူတွဲရင်း

မနက်ဖြန်ဆိုရင် ခြေတစ်လှမ်းပြန်စရပြန်ပြီလေ

****************************************

(တစ်ကိုယ်တော်) ဆိုင်ခေါဝ်၏ မွေးနေ့အမှတ်တရကဗျာ
ချယ်ရီမြေက
တောင်ပေါ်သား
မွေးနေ့ ချိန်ခါ
သမယမှာ
နှင်းဆန်းသောပန်း
လန်းဆန်းအသွင်
ကြည်ရွှင်အေးမြ
ဘ၀တစ်လျှောက်
ထပ်လောင်းမင်္ဂလာ
အောင်ကြောင်းဖြာစေ
ရည်မှန်းပန်းတိုင်
လျှောက်လမ်းနိုင်စေ
ဘေးရန်အပေါင်း
ကင်းရှင်းစေကြောင်း
အေးမြမေတ္တာ
ပျိုကညာမှ
ရရှိစေကြောင်း
တောင်းဆုခြွေလျက်
ချယ်ရီမြေက
တောင်ပေါ်သား
မွေးနေ့ ချိန်ခါ
သမယမှာ
နှင်းဆန်းသောပန်း
လန်းဆန်းအသွင်
ကြည်ရွှင်အေးမြ
ဘ၀တစ်လျှောက်
ထပ်လောင်းမင်္ဂလာ
အောင်ကြောင်းဖြာစေ
ရည်မှန်းပန်းတိုင်
လျှောက်လမ်းနိုင်စေ
ဘေးရန်အပေါင်း
ကငှ်းရှင်းစေကြောင်း
အေးမြမေတ္တာ
ပျိုကညာမှ
ရရှိစေကြောင်း
တောင်းဆုခြွေလျက်။ 

*******************************

အစွယ်၏ မွေးနေ့အမှတ်တရကဗျာ
ကစားပွဲတွေ တူဆင်နွှဲရင်း၊ ပျော်ရွှင်ခြင်းတွေ အတူဝေမျှခဲ့ကြ
လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းကပေါ့
သတိရတယ်အနောင် ၊အခုဆို နင်တောင် (၂၆)နှစ်ပြည့်ပြီပေါ့
သြဂုတ်လ (၉)ရက်နေ့ဖွားလေး
ကျန်းမာလို့၊ချမ်းသာစေကြောင်း အစွယ်နဲ့သူငယ်ချင်းများက
ဆုတောင်းလို့နေလျက်ပါလေ။။။။
အရက်ကို အသေချတဲ့ ၊နောင်ငဲလေး ဘဝတည်းက
ကြည့်မရတဲ့နင့်ကို အနာဂတ်ကောင်းကင်မောင်နှမမို့
မသိချင်ယောင်ဆောင် ကြည့်နေရတယ်
ကိုယ့်ကိုကိုယ် ဘာကောင်ထင်နေလဲ နင့်ကိုငါချဲမယ်
မတာယေး ကျန်းမာပါစေတော်။။။
အမေတစ်ယောက်တည်းကနေ တို့တတွေကို မမွေးခဲ့ပေမယ့်
တို့မောင်နှမတွေ အရမ်းချစ်ကြတယ်
နောင်အနှစ်(၁၂၀)တိုင် နင့်မွေးနေ့ကို ဆုတောင်းကြမယ်အနောင်
ဒါမှတို့မောင်နှမတွေပါ ရောယောင်ပြီး အသက်ရှည်ရအောင်လေ
နင်ကျေနပ်တယ်မလား ငါသိတာပေါ့အနောင်ရယ်။။
အရက်သောက်ခြင်းကို ၊နောင်ငဲလေးနဲ့အတူချန်ထားရင်း
အနာဂတ်ကောင်းကင်ရဲ့မနက်ဖြန်များမှာ
တောင်ပေါ်သားအဖြစ် လူသစ်စိတ်သစ်နဲ့ထွက်ပေါ်လာတဲ့
ချစ်စွာသော သူငယ်ချင်းကို အစွယ်နှင့်မောင်နှမများက
ဝမ်းသာစွာကြိုဆိုပါတယ် အနောင်ရေ..
အနောင့်မွေးနေ့ နှစ်(၁၂၀)တိုင်ပါစေ...
စိတ်လည်းချမ်းသာ၊ကိုယ်ကျန်းမာလို့ မရှိစကားမကြားရပါစေနဲ့..
ဒီမောင်နှမတွေနဲ့လည်း တွဲလက်တွေ ခိုင်ခိုင်မြဲလို့
တွဲဆက်ကာ လျောက်လှမ်းနိုင်ပါစေကြောင်း
အစွယ်က ဆုမွန်တောင်းပေးပါတယ် အနောင်ရေ။။။။

********************

Empty ၏ မွေးနေ့အမှတ်တရ ကဗျာ
၂၆ ဆိုတဲ့ အသက် ရောက်လို့
ဒီ အချိန်မှာ ကျရောက်ခဲ့ပီ.......
လူ့ ပြည်ကို ရောက်လာတာ....
အမေ့ ကျေးဇူးတွေ နဲ့ ပါ...အမေ............ 
ဦးချ ကာ နဖူး မြေတိုက်
၂၆ နှစ်တာ အမှားများ အတွက်.......
ဒီနေ့ ရက်မှ သည် နောင်တမလွန် ထိ
သား ရွှေအိုး ထမ်းပါပီ ..အမေ.........
( အနောင်ရေ...အမ်ပတီး ညီလေး မို့...အမ်ပတီး မွေးနေ့ တိုင်းမှာ လို..
အမေ ကို အရင် ဦးချ ကန်တော့တာပါ)
 ကဲ......အနောင်..
မင်း မွေးနေ့ မှာ၊၊၊
အတွေးစိတ် နဲ့...........
လွန်ခဲ့တဲ့ ၂၆ နှစ် က
အတိတ် အရိပ် ကို
ပြန်ကြည့်လိုက်ကွာ..
ဒီလိုရာသီမှာပေါ့....................
မင်းရဲ့ဘုရား (မိဘ)က
မင်း အတွက်
သေခြင်း တရားနဲ့
ခြေဆင်း ကစားခဲ့တာ ကို...
မင်း သတိရနေမယ်
( အမြဲ နှလုံးသွင်းနေမယ်)ဆိုရင်တော့
မင်း က သားကောင်း စစ်စစ်
ဖြစ်ပီပေါ့ ကွာ… 
ဒီ တော့.....ဒီနေ့..
ဒီအချိန်…ဒီအခါသမယသည်
နောင် သံသ၇ာတလျှောက်
ထင်တိုင်း ပေါက်လို့
ကြံတိုင်းမြောက်ပီး
ကြောက်ရွှံ့ ခြင်း ကင်း
ရဲ ရင့် ခြင်းအပြည့်
မိဘ အတွက် သားကောင်း ဖြစ်စေ
ဘ၀ အတွက် ပဲ့ ကိုင် ကောင်းဖြစ်စေ
အများအတွက် အားဖြစ်ပါစေ
ချစ်ညီလေး
ငါ
အမ်ပတီး မှ
ဆုခြွှေပါ၏..........................

နောင်နှစ်များစွာတိုင် အောင်မြင်စေကြောင်း…
ကျန်းမာပျော်ရွှင် ပွဲလယ်တင့်ပါစေလို့
ချစ်ညီလေးအတွက် ငါအမ်ပတီး
ထပ်လောင်းလို့
တောင်းဆုခြွှေ၏……..
************************


ကလေးမလေး (ခ) ခေး၏ မွေးနေ့အမှတ်တရကဗျာ
နောင်ဗေနောင်လို့ခေါ်တဲ့မြေ
အေးချမ်းတဲ့ဌာနေမှာ သူမွေးဖွား
ခိုင်မာတဲ့စိတ်ထားနဲ့ချီတက်
တက်ကြွတဲ့အားမာန်တွေနဲ့
လူ့ဘ၀ခရီးရှေ့ဆက်လို့
မွေးမြေကိုလွမ်းလို့နေတဲ့ လူသား
တောင်ပေါ်သားရဲ့ မွေးနေ့ရက်မြတ် ။။

အလုပ်ခွင်မှာကြိုးစား
ဘ၀အရေးမို့ မနေမနား ကြိုးကုပ်
တိကျတဲ့ ဆုံးဖြတ်ချက်တွေ ထုတ်လို့
မိဘတွေကို ပြုစုပေငြား
သူသည်လဲ ပုထုဇဉ်လူသားမို့
အဝေးတစ်နေရာက လွမ်းဆွတ်နေဆဲ လွမ်းနေလဲ ။။

ပျော်နေတတ်တဲ့ ဟန်ပန်တွေလွှမ်း
အပြုံးတွေနဲ့ သူအမြဲလှမ်းလို့
အလုပ်တွေ ပင်ပန်းနေပေမဲ့
ကောင်းကင်မှာမွေ့လျော်နေ
နေ့စဉ်မပြတ် ညာသံပေးလို့
သူခရီးဆက်မြဲ ဆက်နေဆဲ ။။

မောင်နှမတွေနဲ့အမြဲပျော်
အိမ်လွမ်းခြင်းကို အရည်ဖျော်လို့
ကောင်းကင်အတွက် ပေးဆပ်
သူ့မေတ္တာဓါတ်တွေနဲ့
ဝင်လာသူအပေါင်းကိုလည်း
သီချင်းလေးတွေနဲ့ ကြိုဆိုနေမြဲ ကြိုနေဆဲ ။။

နာမည်ကြီးဖို့မလို
ကောင်းကင်အတွက်သာဆို
ဘယ်နေရာ ဘယ်ခြေကိုလှမ်း
မရွံ့စတမ်း သူကြိုးစားလို့
ကျရာတာဝန်ထမ်းလို့
ဇွဲမာန်ကိုဝင့်ရင်း လှမ်းလျှောက်နေဆဲ လျှောက်နေမြဲ ။။

စာနာရိုင်းပင်း အချင်းချင်းတွင်
တသွင်ထူးလို့ ပြောစရာမလို
အရိုးခံစိတ်ရင်းနဲ့ပေါင်း
လိုအပ်ရာ သူအဆင်သင့်ရှိလို့
သူချစ်တဲ့ မောင်နှမတွေအတွက်
အားကုန်လို့ လူပန်းပါစေ ကူညီနေဆဲ ကူညီမြဲ ။။

ထိုသို့လူသား တောင်ပေါ်သား၏
မင်္ဂလာအပေါင်း သွန်းလောင်းပန်ဆင်
ဤနေ့ရက် မွေးနေ့အချိန်အခါတွင်
ရည်မှန်းချက်တွေ အောင်စေကြောင်းနှင့်
နောင်နှစ် ၁၀၀ တိုင် ပျော်မွေ့စေဆုတောင်းသံများ
ကောင်းကင်မောင်နှမတွေ စုပေါင်းလို့ ရွတ်ဆိုပေးသည်
မိုးထိအောင်ညံစေ ကောင်းကင်ထက်သို့ တိုင်ပါစေ ။။

*****************************

ဒီရေလှိုင်း၏ မွေးနေ့အမှတ်တရကဗျာ
***************
ဝေးဖြား ဝေးဖြားနဲ့
အလေးထားလို့ လေးစားတတ်တဲ့
တောင်ကြီးက ခွန်နောင်နောင်အမည်နဲ့
ကောင်းကင်သား ၊ ခုမလေးရှားမှာ
အတွေးများလို့ ၊ အဆွေးပွားကာ
အဝေးခြားနေပေမဲ့ သွေးသား ညီရင်းလို
ချစ်ခြင်းတွေပေါင်းယှဉ်လို့ ၊ ကောင်းကင်မှာ
ဆုံခဲ့ကြ အော် ၆လတောင်ရှိလုပြီ ။

သိတာ မကြာ ၊ ခင်တာ ခဏပေမဲ့
ဖြူစင်တဲ့ သူ့စိတ်ထား
ယဉ်ကျေးတဲ့ သူ့သဘောထား
ကောင်းမြတ်တဲ့ သူ့နှလုံးသား
ဖ၀ိဇ္ဇာ မိုးနဂါး
တို့ပအိုဝ်းတိုင်းရင်းသားပေမို့
သွေးစည်းလို့ ချစ်ကြသည် ။
ခွန်နောင်နောင် ဒီညီလေးဟာဖြင့်
ကောင်းကင်မှာ အမည်မွှေးတာက
ရိုးအေးတဲ့ တောင်ပေါ်သား
မော်ကြွားမှုတွေ သူ့မှာမရှိ
မာန်မာနကိုသူက မသိ
ဖြူစင်ခြင်းပကတိနဲ့
တို့ကောင်းကင်နန်းအမြင့်ကို
ဆန်းတင့်လို့ လန်းစွင့်အောင်
သူဖြည့်ပေးရင်း အေးဆေးစွာနေတတ်သူ
သိဟ်ရာသီမှာဖွား ခြင်္သေ့လိုစိတ်ထား
ဝိရိယအားနဲ့ အများအတွက်ကြိုးစား နိုးကြားနေတတ်သူ .....

တောင်ပေါ်သား ခွန်နောင်နောင်
လ၀ါခေါင်မှာ မိုးတစ်ရက်
လှမ်းတက်ခဲ့ လူ့ဘ၀လမ်း
ဒီမှတ်တိုင်မှာ
ကောင်းမြတ်ခြင်းတွေ ပေါင်းစပ်လို့ပေး
မလေးမှာ မဆွေးစွာနဲ့
တေးကဗျာတွေ ရေးနိုင်ပါကြောင်း ၊
ကောင်းကင်မှာ ထာဝစဉ်ပေါင်းယှဉ် ကောင်းစဉ်နုလုံးသာလှ
အမုန်းတရားမကျ အပြုံးများခ၍
အရှုံးသမားဘ၀မှ လွတ်စေကြောင်း
မွေးနေ့ကဗျာ စီကာရေး၍ လက်ဆောင်ပေးခဲ့သည် ။

***************************************

အမေ့သားနေလင်းဖြိုး မှ အမှတ်တရ
Birthday Blessings
့hello  my friend taungporthar
Instead of counting candles,
Or tallying the years,
Contemplate your blessings now,
As your birthday nears.
always i needed....
Consider special people
Who love you, and who care,
And others who’ve enriched your life
Just by being there.
So,be happy friend
Think about the memories
Passing years can never mar,
Experiences great and small
That have made you who you are.
Another year is a happy gift,
So cut your cake, and say,
"Instead of counting birthdays,
I count blessings every day!"
   you like to i needed.
                        naylinphyo 
ချယ်ရီမြေက
တောင်ပေါ်သား
မွေးနေ့ ချိန်ခါ
သမယမှာ
နှင်းဆန်းသောပန်း
လန်းဆန်းအသွင်
ကြည်ရွှင်အေးမြ
ဘ၀တစ်လျှောက်
ထပ်လောင်းမင်္ဂလာ
အောင်ကြောင်းဖြာစေ
ရည်မှန်းပန်းတိုင်
လျှောက်လမ်းနိုင်စေ
ရည်မှန်းချက်တွေထာဝရ
ခံယူချက်တွေဖြင့် တစ်ဘ၀လုံး
နှလုံးစိတ်ဝမ်းအေးချမ်းပါစေဗျာ.....
*****************************************
မမလေးချစ်ပန်းခိုင် မှ အမှတ်တရ
မောင်လေးနောင်နောင်ရေ.....
နေမကောင်းလို့ ဖျားနေတဲ့ကြားထဲကမွေးနေ့လေးဆီ
အရောက်လာခဲ့ပါတယ်နော်.....

မောင်လေးအနောင်အတွက် ကဗျာလေးပါ.....

အနာဂတ်ရဲ့ အနောင်
လင်းလက်မှုန်ထ မွေးနေ့မှသည်
တောက်ပဝင့်စား ကြယ်စင်လားသို့
ကောင်းမှု့ဝေဖြာ အရာရာတည့်.....

ဆန့်ကျင်မဟူ ပေးဝေလှုပြီး
ရင်လှိုင်းခတ်သံ ဝေစီညံ၍
ကောင်းကင်တံတား ကြိုးအလားသို့.....

မိုးမြင့်ထက်ယံ လင်းလက်မှန်သည်
ကောင်းကင်ပန်းပု ရွှင်စွာထုဆစ်
သက်ထက်ဆုံးတိုင် တည်စေသော်.........။
ချစ်ပန်းခိုင်
********************************
ခင်မေခ ( ခ) ဂဂ အမှတ်တရ

အနောင်လေးရေ။။။။။။။။
မွေးနေ့မှာ ပျော်ရွှင်ပါစေ။။။။
နီနာ့ဆီက တောင်းထားတဲ့ မွေးနေ့လက်ဆောင် အာဘွားးးးနဲ့
 ကဗျာ...လေးးးလာပို့တယ်ဝေးးးး
ရင်ဆုံးးးးအာဘွားးးးးးးဗျာ။။။
တောင်ပေါ်သူ မိခင်လောင်းတစ်ယောက်
ကိုယ့်အသက်ကို မထောက်ပဲ
ရင်မှာပေါက်ဖွား မေတ္တာအားကြောင့်
သားတစ်ယောက်ကို မွေးဖွားး
တောင်ပေါ်သားလို့ အမည်တွင်စေခဲ့တာ
ဒီလိုနေ့လေးမှာပေါ့။။။။။။။။။။။
တောင်ပေါ်သားလေးအနောင်
ကြီးပြင်းရာနေရာက
ဖြူစင်ရိုးသား ပအိုင်းဝ်များ ဌာနေ
တောင်ပေါ်မြေ ဖြစ်ပေတော့
ရိုးသားတဲ့ ဟန်လေးက
သူ့စိတ်မှာထင်ဟပ်
အရောင်တလက်လက်နဲ့ပေါ့။။။။။။။
အပေါင်းအသင်းများ ပျော်ရွှင်ဖို့
ကောင်းကင်ကြီးအောက်သို့ ခိုဝင်
မောင်နှမများ ချစ်ခင်
အမြဲပင်မခွဲ သွေးမကွဲရပါပဲ
စည်းစည်းလုံးလုံး ရှိစေဖို့
တစ်ထောင့်တစ်နေရာမှ
စွမ်းဆောင်ပေးနေသူပေါ့။။။။။။။။။။။။
အနောင်လေးရဲ့ မွေးနေ့
ယနေ့လေးမှသည်
နောင်နှစ်ပေါင်းများစွာာ
ချစ်စွာသော မိသားစု
ချစ်စွာသော ချစ်သူလေး
ချစ်စွာသော ကောင်းကင်လေးများနှင့်အတူ
အနာဂတ် ခရီးလမ်း
ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်စေကြောင်း
အနာဂတ်အပေါင်းမှ တောင်းဆုခြွေပါတယ်။။
အနောင်လေး  အဲဗားးပျော်ရွှင်နေပါစေ။။။။။။။။။။။။။။။။။။
********************************************

ကချင်မင်းသားလေး ငခန့် အမှတ်တရ

Happy birthday my best friend,
Amazing times, we always spend.
Laughter and jokes are common place,
Since we built that solid base.

Special friend that I hold dear,
Always wish to have you near.
We get along, like bread with honey,
A friendship worth, much more than money.

If you stumble, count me there,
Gratitude; no need to declare.
Your thoughts are clear, in my mind,
Understanding we always find.

Happy birthday my best friend,
I’m excited to attend.
This birthday poem, is just for you,
A great big smile is overdue.
********************************

အနောင်ချစ်ခင်ရပါသော ညီကို မောင်နှမများ
အားလုံး အားလုံး 
ကျမ်းမာကိုယ်စိတ်မြဲပါစေဗျာ..။


 


No comments: