Blogger Widgets N g A P y I n N: ♥ ♫ ♥ ကျဆုံးခြင်း ♥ ♫ ♥

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Saturday, June 4, 2011

♥ ♫ ♥ ကျဆုံးခြင်း ♥ ♫ ♥

  


ညဦးယံထိပ်

သန်းခေါင်အရိပ် ပတ်ဝန်းကျင်တိတ်
 
အေးဆိတ်ငြိမ်သက် ဘေးမှာအဖော်မယ့်

ဂစ်တာတစ်လက်နဲ့ သံစဉ်စာသား ညည်းကာသွားရင်း

လမ်းဆုံးအရောက် လမ်းထောင့်တစ်နေရာ အုတ်ခုန်နှဘေး ထိုင်ကာငှေးရင်း

ချစ်ဆီကိုမောင် အရောက်ပြန်ချင်ပြီ ချစ်ရာ။


နေ့စဉ်ညတိုင်း ပြောခဲ့ဖူးတဲ့ ရင်တွင်းစကား မေ့လိုက်ပြီလား..။

စောင့်နေပါ့မယ် ဆိုတဲ့စကား အမှတ်ရပြီး မောင့်မှာတော့လေ

လွမ်းရက်ရှည်များ ကုန်ဆုံးပါစေ ဆုတောင်းရင်းနဲ့

ပြန်ရမယ့်ရက် ကြိုတွေးပျော်ခဲ့ ...။

ခွဲခွါခဲ့တဲ့   

( ၅ ) နှစ်တိုင်းသာ

( ၆ )  နှစ်ထဲရောက် နောက်ကြောင်းကိုတွေး

ပြန်လည်ရေတွက် ချစ်အတွက်နှင့် ဘာဆိုဘာမှ ဖြည့်ဆည်းမပေးနိင်ခဲ့...။

စိတ်မကောင်းခြင်း များစွာဖြစ်နေပေမယ့် စိတ်ကိုအလိုလိုက် 

ပျော်မိုက်နေသော လူမိုက်လူပေ မဟုတ်ပေတော့

ချစ်သူမှာလဲ မိဘသိုင်းဝိုင်း ရှိနေတာမို့

အပြစ်မဆိုသာ..။

ချစ်နေယုံဖြင့် ပြီးနေမည်မဟုတ်

ပြန်လာမည်ဟု ချစ်ရေယုံပေး ကတိထပ်ခါပေးမိပြန်တော့

ဒီင်္နှစ်တန်ဆောင်မုန်း အသေချာဆုံး ဟု စိတ်မှာယုံကြည့်မှတ်ကျောက်စွဲရင်း

တွေးပျော်ကြည်နူး  စိတ်ရွှင်မြူးလို့ ချွေးစက်မျက်ရည် ကျနေပါစေ

လာမည့်ရက်မျှော် ပျော်ကာတွေးပြီး စိတ်ကို လျှော့ထား

နေလာခဲ့တာ ( ၄ )လလိုတော့ ကြားရစကား

ရင်ကွဲနာကျ သင်းကွဲငှက်လို

အဖော်သေဖို့ အင်အားမရှိတော့

အချစ်အတွက်နဲ့ လောကတစ်ထောင့်တစ်နေရာကနေ

ကျရှုံးခဲ့လိုက်ရတယ်...။

၁၂ . ၅ .၂၀၁၁

ချစ်တဲ့သူတိုင်း ထာဝရပေါင်းဖက်ရပါစေဗျာ...ဝေးကွာခြင်းမှလဲကင်းဝေးကြပါစေ

ပျင်းရမှာတောင်ပျင်းတဲ့

ငပျင်း

No comments: