Blogger Widgets N g A P y I n N: ♫ ♣ ♦ မတရားသော ♦ ♣ ♫

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Saturday, June 4, 2011

♫ ♣ ♦ မတရားသော ♦ ♣ ♫



နယ်မြေခြားရောက်
ရွှေမိတ်ဆွေတွေ ကျရာတာဝန်
ထမ်းဆောင်ကြရင်း မိတ်ဆွေတွေဖြစ်
နိုင်ငံသားခြင်း ချစ်ခင်မိတ်ဖွဲ့ ဆွေမျိုးရင်းရှာ
နေလာခဲ့တာ တစ်လတန်သည်   နှစ်လတန်သည် ပေါင်းခဲ့ကြတာ  
သုံးနှစ်မြောက်ရော လုပ်သွားလိုက်တာ ကျန်ခဲ့သူတွေ
မျက်နာမထောက် ကွက်ကျော်ရိုက်ရင်း
လူလည်ဂျင်ဘဝ ကိုယ့်ကျိုးကိုကြည့်
တစ်ကိုယ်ကောင်းစိတ်ထား ပြုသွားလိုက်တာ
ကျန်ခဲ့သူတွေ မျက်နာငယ်ရ ဘေးသို့ပယ်ထား လိုအပ်မှခေါ်
အသုံးလိုတော့ ကိုယ်ကစိတ်မပါ မပါရ်ျမရ ရင်းနှီးငွေထဲ့ စီပွါးရှာထွက်
အဓိကအကြေင်းရင်း ပြေလည်ဖို့ရာ ငွေတွေရှာတာ ဒါကိုမင်းလဲ သိငါလဲသိ
ကံကြမ္မာဆိုတာကလဲ အဆန်းသာပေမို့ သူပြန်သွားပြီ ငါးလကြာသည်
တစ်နှစ်တန်သည် လုပ်ကိုင်စဉ်မပြေ မျက်ရည်စမ်းစမ်း
မောပန်းနွမ်းလျှက် သူပြုတဲ့အကျိုး သူသယ်ပိုးကာ
မခံနိုင်တော့ ပြေးရ်ျသတိရ ကျန်ခဲ့ဘော်ဒါ
ကူညီမစ စာနာကြတဲ့ လုပ်တုန်းကတော့ ကျန်ခဲ့သူတွေ  
ဘယ်လိုနေမယ် ဘာတွေဖြစ်မယ် သူတို့မစဉ်းစား ပျောက်သွားလိုက်တာ
ရှာထားသမျှ မိန်းမပေးကာ လိုတော့ပြန်ယူ မရလို့ပါတဲ့ ကောင်းသေးရဲ့လား လောကကြီးရေ
ချစ်သူကပစ် အသဲကကွဲတော့ မစီမဆိုင် ပြောရကောင်းလား မင်းကယောကျာင်္း
ငါကနွားလား ဂေါက်တောက်တောက်နဲ့ ပြောထဲ့လိုက်တယ်
နည်းတောင်နည်းသေး ကိုယ်ကောင်းဖို့အရေး
လုပ်ဖော်ကိုင်ဖက် လူမျိုးရင်းကို
သစ္စာဖောက်တော့
လောကရဲ့ဒဏ် ခံပေလိုက်တော့
လူပေါ်လူကျောတဲ့ မိတ်ဆွေဟောင်းကြီးရေ…။  
စိတ်မကောင်းခြင်းများစွာနဲ့ အတွေးလေတွေချရေးထားတာပါ။
တိုက်ဆိုင်မူ့များရှိခဲ့ရင် နာလည်ကာပေး စိတ်ထဲမထားနဲ့ ပျော်အောင်တွေးပြီး စာရေးသူမှ
ကြိုတင်တောင်းပန် စေတနာမှန် နှင့် လောကကြီးမှ လူသားအားလုံး ကျမ်းမာကိုယ်စိတ်မြဲပါစေလို့
ဆုတောင်မေတ္တာပို့သလိုက်ရပါသည်။  
ပျင်းရမှာတောင် ပျင်းတဲ့
ငပျင်း { TGI }

No comments: