Blogger Widgets N g A P y I n N: *** အနာဂတ်အိမ်မက် ***

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Tuesday, April 26, 2011

*** အနာဂတ်အိမ်မက် ***

ကောင်းကင်တစ်ခွင် ထွန်းတောက်ကြယ်လေး
ဝေဟင်ပျံဝဲ ငှက်ကလေးများသည် စုရုံးကာချီ အားမှန်အပြည့်
ဘဝဆိုတဲ့ လောကဒဏ် ဗလာနတ္တိ ဆိုတဲ့ကံတရား
ကြံကြံခံရင်း လက်တွဲညီစွာ အေးတူပူအမျှ ထာဝရဆိုတဲ့
ရေရှည်ခရီး ဆုံးလမ်းမရှိ ဖြတ်လျှောက်ရမယ်
ကြုံလာတိုက်ပွဲ ဖေးမကူညီ စာနာနားလည် အသိတရားများနှင့်
မောင်နှမရင်းရှာ စိတ်ဓာတ်မွေးပြီး
ပြုဆောင်ခဲ့တာ တစ်လ ကျော်ကျော်ပြည့်ခဲ့ပြီမို့
မသိနာလည် သိတာဖြေရင်း အားကြိုးမှန်နဲ့ ကြိုးစားကြတာ
ကောင်းကင်ကိုချစ် ကောင်းကင်ကို မြတ်နိုး
ပျော်ရွှင်စရာ ကစားပွဲများ
အနိုင်မခံအရှုံးမပေး ကျိတ်ကျိတ်တိုးရင်း
စကြနောက်ကြ ဝေဖန်ကြတာများ နယ်မြေခြားရောက် ရွှေမိသားစု
အပြင်လောက တိုက်၇ိုက်တွေ့လေသလား
လက်တွေ့မှာပင် တွေ့နေသယောင်
ထင်ရမှတ်ရ တွဲလက်များ နှင့်
နည်းပညာများ ဖလှယ်ကြတာ
ကောင်းကင်မောင်နှမ
စည်လုံးညီညွတ်
ဂုဏ်ယူထိုက်သော ကောင်းခြင်း မင်္ဂလာ
အဖြာအဖြာ နှင့်
ဤကဗျာအား အနာဂတ်အိမ်မက်
ဟု ခေါ်သွင်စေသတည်း..။

No comments: