Blogger Widgets N g A P y I n N: အွန်လိုင်းမိတ်ဆွေ (သို့) ရာဇဝတ်သားတစ်ယောက်

Pages

လာရောက်လည်ပါတ်ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးဗျာ

Saturday, January 22, 2011

အွန်လိုင်းမိတ်ဆွေ (သို့) ရာဇဝတ်သားတစ်ယောက်




ငါတို့သည် မိဝေးဖဝေး

တစ်ကွဲတစ်ပြား နှင့် တာဝန်ကိုယ်စီ

ထမ်းရွက်ကြရင်း ကုသိုလ်ကံပေး အကြောင်းပါကာ

မတွေ့ / မမြင်ဖူး ကြပေမယ့် ခင်မင်ရင်နှီး အစရှိသော ဆွေမျိုးရင်းပမာ

သိကျွမ်းဝင်ကြ ခင်မင်ကြရင်း အွန်လိုင်းလောက ခြေအစုံဖြင့်

ညီကို မောင်နှမ ဆွေမျိုးရင်း အလား ဆွေးနွေးပြောဆို

တိုင်ပင်ကာထား ကူညီဖေးမှ ချစ်ခြင်းတရားများ

နှင့်
နည်းပညာထွေထွေ မျှဝေကြရင်း

ဘဝရည်မှန်းချက် ပန်းတိုင်ကြီးဆီ

 (  ဇွဲ လုံးလ ဝီရိယ သတ္တိ အားမှန်  ) အစရှိတဲ့ လက်နက်ကိုယ်စီ

လက်ဆွဲကိုင်ကာ ရှေ့ကို ချီတက်တစ်စိုက်မက်မက်

နှင့်

ကြိုးစားနေတဲ့ ဘဝသူတွေကြီးပါ မိတ်ဆွေ…..။

နေရပ်ပေါင်းစုံ ရောက်နေတာများ အိုးအိမ်ယာမဲ့ ဘဝအင်္သချေ

စက်ဝန်းထဲက ထားရာနေစေရာသွား အဲ့ဒီဘဝထဲရောက်နေတာများ

သိကြလေသလား မိတ်ဆွေတို့ ….။

စိမ်းလန်းတောတောင် ကြည်လင်ရွှင်လန်း စမ်းချောင်းများ

နှင့်

သဘာဝအလှ သယံဇာတ ပေါကြွယ်ဝတာ ငါ့တို့မင်းတို့

သိပါလျှက်နဲ့ဘာကြောင့်သူများနိုင်ငံ ကူလီဘဝ

ကျွန်ခံနေရတာလည်း မိတ်ဆွေတို့..။

ဒါကိုမှအမှန်မမြင် ချင်းချင်းငေါက်စား ကွက်ကျော်ရိုက်ရင်း

မကောင်းမှူကုသိုလ် မသိတာမဟုတ် လူလည်ဂျင်ဘဝ

ရောက်မှန်းမသိ လုပ်နေလိုက်တာ တစ်ချိန်တစ်ခါ

သူများလက်အောက် ရောက်လေပြန်သလား

အောင်းမေ့ရတယ် ..မိတ်ဆွေ..။

လူ့အသက်တစ်ချောင်း လွယ်လွယ်တွေးပြီး

လုပ်ကြံသတ်ဖြတ် သတင်းအရပ်ရပ်ကြောင့်

 ကြားရသူမှာ စိတ်မချမ်းသာခြင်း
နှင့်

စိတ်ရောဂါရ စိတ်ဓါတ်ကျပြီး ပျော်ရွင်စရာဘဝ

ဆိုတဲ့ ဖြစ်တုန်းဖြစ်ခဲ လူ့ဘဝ ကို

လွယ်လွယ်လေးပဲ အဆုံးသတ်လိုက်ကြတာလေ.။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရှာဖွေဦးစားပေးသင့်တာပါ..။

မင်းကခေါင်းဆောင် တစ်ယောက်ဆိုတာ မမေ့ပါ နဲ့

မင်းနောက်မှာလည်း လူတွေထောင်ပေါင်း

မြောက်များစွာရှိနေတယ်ဆိုတာ

သေချာပြန်ကြည့်ပေးပါ ..မိတ်ဆွေ..။

ငါကိုယ်ပိုင်ပဲ ငါလုပ်ချင်တာ ငါလုပ်မှာပဲ ဆိုတာ

ကုန်လွန်ခဲ့ပါပြီကွာ

မင်းလုပ်လိုက်တာ ဘာရယ်မဟုတ် အပျင်းပြေပေါ့

နောက်လူတွေမှာ ရှိတဲ့အချိန်လေး ဝင်မွေရှာဖွေခင်မင်ရင်းနှီး

သိကျွမ်းခဲ့တာ ဒီနေရာလေးပေါ့ကွာ

မဝင်တစ်ချက်ဝင်တစ်ချက်နှင့်

သတိတရဝင်ရောက်လာတော့ နှဂိုမူရင်းချစ်သူငယ်ချင်းများ

ဘယ်ရောက်ဘယ်ပေါက် ပြန်ရှာမရ စိတ်ဓါတ်ကျကာလည့်ပြန်ခဲ့ရတဲ့

သူတွေထောင်ပေါင်းမကရှိနေပြီဆိုတာကော် မင်းသိနေရဲ့လား

ခေတ်ဟောင်းလူတွေ ဘယ်လောက်ညံ့ညံ့ တစ်ချိန်တုန်းက

ဆိုးဖော်ဆိုးဖက် ဒုက္ခကိုယ်စီရှိနေသော်လည်း

ရုန်းကန်ခဲ့ကြတာပါ မိတ်ဆွေ..။

နှောင်လာနှောင်ခါဈေးလို မင်းသတ်မှတ်ရင်တော့

မင်းဟာလက်ရှိ နည်းပရိရယ် အသွယ်သွယ်နှင့်

ခွက်ပုန်းထိုင်ကစ် ပဒေသရဇ် တစ်ယောက်ဆိုတာ မင်းသိရဲ့လား

ရာဇပုလ္လင်ထိုင်နေသော်ညှား မင်းဟာအသုံးမဝင်

မလိုအပ်တဲ့ ကမ္ဘာမိစ္ဆာတစ်ကောင်ပေါ့ကွာ.။

အမှားကိုသိ အမှန်ကိုပြင်

အမှောင်လမ်းဖြောက် အလင်းလမ်းလာလည်း

မနောက်ကျသေးပါဘူး မိတ်ဆွေ..

တစ်ချိန်တစ်ခါ ခင်မင်မှူ့များ အဆဆ တိုးပွါးရင်း

အားလုံးကြိုဆို လိုအပ်မှာပါ

ဒါမှ ငါတို့ မင်းတို့ နေထိုင်နေတဲ့ ကမ္ဘာမြေကြီး ထာဝရ အေးချမ်း

တည်မြဲနေမယ်ဆိုတာ အကျဉ်းချုန်းရေးရင်း

ထာဝရ ငြိမ်သက် ကြွေလွင့်ခဲ့ရသော

ချစ်သော မိတ်ဆွေ သူငယ်ချင်း

ရောင်းရင်း

တစ်ယောက်အတွက် ရင်ဖွင့်ချရေးလိုက်တာပါ.။

တိုက်ဆိုင်မှူ့များရှိခဲ့ရင် နားလည်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်..။


နောင်ငဲလေး

၁၈.၁ ၁၁ 

1 comment:

အနာဂတ်ကောင်းကင် said...

နားလည်ပေးပါတယ်..ညီ
ကောင်းတယ်ဆက်လုပ်